Monday, June 20, 2011

နိုင်ငံခြားသားများအား တရားမ၀င် လက်ခံထားသော ကုမ္ပဏီများကိုအရေးယူ၊ ရွှေတူးဖော်ရေး ကုမ္ပဏီသုံးခုတွင် တရုတ်နိုင်ငံသားအချို့အား တွေ့ရှိခဲ့သောကြောင့် ကုမ္ပဏီကို ဖျက်သိမ်း

Sunday, 19 June 2011 13:48 (EMG) 
6387
နိုင်ငံခြားသားများအား တရားမ၀င် လက်ခံထားသော ကုမ္ပဏီများ ကို အရေးယူခဲ့ပြီး အဆိုပါ ကုမ္ပဏီများအနက် ရွှေတူးဖော်ရေး ကုမ္ပဏီသုံးခုတွင် တရုတ်နိုင်ငံသား အချို့အား တွေ့ရှိခဲ့သောကြောင့် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ရွှေတူးဖော်ရေးကုမ္ပဏီသုံးခု မှာ တော်ဝင်စံထား၊ မေတ္တာရှင်နှင့် ရတနာလယ်မြေ ကုမ္ပဏီတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်မှ တာဝန်ရှိသူများနှင့် ခရိုင် လ၀ကမှူးတို့ ပူးပေါင်းအဖွဲ့က အဆိုပါကုမ္ပဏီများကို ၀င်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား ခြောက်ဦး တွေ့ရှိခဲ့ရကြောင်း၊ ယင်းသို့ တွေ့ရှိခဲ့သည့် အတွက် ယင်းကုမ္ပဏီ သုံးခုကို ဖျက်သိမ်းခဲ့ပြီး ကုမ္ပဏီသုံးခုနှင့် ဒါရိုက်တာအဖွဲ့ဝင် ၁၃ ဦး တို့အား အမည်ပျက်စာရင်းထည့်သွင်း သတ်မှတ်ခဲ့ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အမျိုးသား စီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၁၁ အရ သိရ ပါသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်မှ တာဝန်ရှိသူများနှင့် ခရိုင်လ၀ကမှူးတို့ ပူးပေါင်းအဖွဲ့က အဆိုပါကုမ္ပဏီများကို ၀င်ရောက် စစ်ဆေးရာ တရုတ်နိုင်ငံသားခြောက်ဦး တွေ့ရှိခဲ့ရကြောင်း၊ ယင်းသို့ တွေ့ရှိခဲ့သည့်အတွက် ယင်းကုမ္ပဏီသုံးခုကို ဖျက်သိမ်းခဲ့ပြီး ကုမ္ပဏီသုံးခုနှင့် ဒါရိုက်တာအဖွဲ့ဝင် ၁၃ ဦးတို့အား အမည်ပျက်စာရင်း ထည့်သွင်း သတ်မှတ်ခဲ့ကြောင်း .. . .

ထို့အတူ ကုမ္ပဏီမှတ်ပုံတင် သက်တမ်း မရှိသည့်အပြင် ခွင့်ပြုချက် မရှိဘဲ လာရောက်လုပ်ကိုင် နေထိုင်သူ နိုင်ငံခြားသားများအား တရားမ၀င်လက်ခံထားသော Meridian International Services Ltd ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

Meridian International Services Ltd ကို ဖျက်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့် ကြော်ငြာစာအမှတ် ၁၆/၂၀၁၁ ဖြင့် ကြေညာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းအမိန့်ကြော်ငြာစာပါ အပြည့်အစုံမှာ ‘ကုမ္ပဏီမှတ်ပုံတင် သက်တမ်းမရှိသည့်အပြင် ခွင့်ပြုချက်မရှိဘဲ လာရောက်လုပ်ကိုင် နေထိုင်သူ နိုင်ငံခြားသားများအား တရား မ၀င်လက်ခံထားသော Meridian International Services Ltd ကို ဖျက်သိမ်းပြီး ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား အမည်ပျက်စာရင်း ထည့်သွင်း သတ်မှတ်လိုက်သည်’ ဟူ၍ ဖြစ်သည်ဟု သိရသည်။

အမည်ပျက်စာရင်း ထည့်သွင်းထားသည့် Meridian International Services Ltd သည် ဗဟန်းမြို့နယ်တွင် ရှိပြီး ၀န်ဆောင်မှုလုပ်ငန်း အမျိုးအစားဖြစ်ကြောင်း သိရသည်။

Artikel Terkait:

0 comments:

Post a Comment