မလေးရှားရှိ စီးပွားရေး လုပ်ငန်းရှင် Tan Chongအုပ်စုမှ Nissan ကုမ္ပဏီထောင်ခွင့် မှတ်ပုံ တင်တရားဝင် တင်ထားကြောင်း သိရသည်။
”ဒီဇင်ဘာကစပြီး လုပ်ခဲ့တာ။ မှတ်ပုံတင်ကျတာနဲ့ ကားဆားဗစ်စင်တာ စဖွင့်ဖို့ လုပ်နေတယ်။ အဲဒီအတွက် မြေနေရာ ရှာနေပြီ”ဟု ၄င်း အုပ်စုမှ လုပ် ငန်းရှင်တစ်ဦးက ပြောသည်။
၎င်းဆားဗစ်စင်တာသည် ကားဝန်ဆောင်မှုများအပြင် ကားများအတွက် လိုအပ်သည့် အပိုပစ္စည်းများကိုလည်း ရောင်းချပေးမည်ဟု သိရသည်။ အဆိုပါ Tan Chong အုပ်စုသည် Services ကားထုတ်လုပ်လျက်ရှိရာ နောင်တွင် ကားစက်ရုံ၊ ကားထုတ် လုပ်မှု၊ ကားတင်သွင်းခြင်းတို့ကိုပါ လုပ်ဆောင်လာနိုင်၍ ယခုလို ကားဆားဗစ်စင်တာကို ကြိုတင် ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။
”ဆားဗစ်စင်တာက ကား ရောင်းတာ တစ်ခုတည်းနဲ့ မပြီးဘူး လေ။ ကားရဲ့ဆားဗစ်ကိုလည်း ပေးနိုင်မှ ကားရောင်းတဲ့ဌာနကလည်း အဆင်ပြေမှာ။ အဲဒီသီအိုရီအရ ကားဆားဗစ်စင်တာ လာဖွင့်တာ ”ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြ သည်။
Tan Chongအုပ်စုသည် ကုမ္ပဏီ ၄၅ခု ပူးပေါင်းပါဝင်ပြီး ထုတ် လုပ်မှုအပိုင်း၊ Services အပိုင်းနှင့် Financialပေးသည့် အပိုင်းလိုက် ကုမ္ပဏီလုပ် ငန်းများရှိရာမှ တစ်ခု လာရောက်လုပ်ကိုင်ခြင်း ဖြစ်သည်ဟု သိရသည်။
”ခွင့်ပြုမယ်ဆိုရင်တော့ Tan Chong အနေနဲ့ လာမှာပဲ။ ၁ဝဝ ရာခိုင်နှုန်းရင်းနှီးမြှပ်နှံမှုပေးရင် ၁ဝဝ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှာပါ။ ဆားဗစ်စင်တာကို လည်း ၁ဝဝရာခိုင်နှုန်း လုပ်ချင်တာပါ။ ၁ဝဝရာခိုင်နှုန်းလုပ် ဖို့ မလွယ်လို့ JAC လုပ်တဲ့ သဘောပါပဲ”ဟု ၄င်းကဆိုသည်။
မြန်မာသည် မလေးထက် နှစ်ဆပိုပြီး လူဦးရေများသည့်အတွက် ဈေးကွက်အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာလျှင် အိမ်စီးကား တစ်သိန်းခန့် လိုအပ် လာမည်ဖြစ်ပြီး၊ ထိုတစ်သိန်းအတွက် ကားဆားဗစ်စင်တာ ၃ဝ ခန့် လိုအပ်လာမည်ဟု သုံးသပ်သည်။ အဆိုပါ ကားဆားဗစ်စင်တာများကို ရန်ကုန်နှင့် နယ်မြို့ကြီးများတွင် ဖွင့်လှစ်သွားရန် စီစဉ် ထားပြီးTan Chong အုပ်စု အတွက် ၄င်း ကားဆားဗစ်စင်တာ သည် မလေး၊ ကမ္ဘောဒီးယား ပြီးလျှင် တတိယမြောက်နိုင်ငံအဖြစ် မြန်မာ၌ လာရောက်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
PN-018
Artikel Terkait:
0 comments:
Post a Comment