Monday, March 28, 2011

ကမ္ဘောဇဂရု(ပ်) ထားဝယ်ရေနက် ဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်မရှိသေး

Posted by Popular News on Mar 28th, 2011
ရေနက်ဆိပ်ကမ်းနှင့် အထူးစီး ပွားရေးဇုန် ဖွင့်လှစ်မည့် ထားဝယ် မြို့တွင် ဘဏ်ခွဲတစ်ခုစတင်ဖွင့်လှစ် ထားပြီဖြစ်သော် လည်း အခြားစီးပွား ရေးကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံရန် လတ်တလောအစီအစဉ်မရှိသေး ကြောင်း ကမ္ဘောဇဘဏ်လီမိ တက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဘဏ်ခွဲမှာ ကမ္ဘောဇဘဏ်၏ ၄၇ ခုမြောက် ဘဏ်ခွဲတစ် ခုဖြစ်ပြီး ၂ဝ၁၁ ခု၊ မတ်လ ၁ဝ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ပြီးနောက် ထားဝယ်မြို့တွင် အစိုးရဘဏ်ဖြစ် သော မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိ ကပိုင်ဘဏ်များဖြစ်သည့် ကမ္ဘော ဇ ဘဏ်၊ အင်းဝဘဏ်နှင့် မြန်မာ့မွေး မြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးမှုဘဏ် ဟူ၍ ဘဏ်ခွဲလေးခုရှိလာပြီဖြစ် ကြောင်း သိရသည်။

”ဒီမှာ အထူးစီးပွားရေးဇုန် ဖြစ်လာတဲ့အချိန်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးက ဖွံ့ဖြိုးလာမှာပါ။ အဲဒီအခါ ဘဏ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့ နေ ရာက ပါဝင်လာမှာပဲ။ လုပ်ငန်းရှင် တွေအပြင် လာရောက်လုပ်ကိုင်ကြ မယ့် လုပ်သားတွေရဲ့ ငွေပို့ ငွေလွှဲ ကိစ္စတွေနဲ့ တခြားငွေကြေးကိစ္စရပ် တွေမှာ ရှိရင်းစွဲဘဏ်တွေအပြင် ကျွန်တော်တို့ဘဏ်ကလည်း ဝန်ဆောင်မှု ပေးနိုင်တော့မှာပါ။ ဒါက လည်း ဒီဒေသရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အ ကူတစ်ခုပါပဲ” ဟု ၄င်းကဆိုသည်။
သို့ရာတွင် ကမ္ဘောဇဂရု(ပ်)အ နေဖြင့်မူ ယင်းစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ ရန်လက်ရှိအချိန်၌ အစီအစဉ်မရှိ သေးကြောင်း ၄င်းက ထပ်လောင်း ဆိုသည်။

”လောလောဆယ် အထိ တော့ အစီအစဉ်မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ ညွှန်ကြားထားတာ လည်း ဘာမှ မရှိသေးဘူး။ ကော့ သောင်းနဲ့ မြိတ် မှာ တော့ ကမ္ဘောဇ ဂရု(ပ်)အနေနဲ့ ဆီအုန်းခြံလုပ်ငန်း တွေမှာ လုပ်ကိုင် နေပါတယ်” ဟု ၄င်းက ပြောသည်။

၁၉၉၄ ခုနှစ်တွင် စတင်တည် ထောင်ခဲ့သည့် ကမ္ဘောဇဘဏ်လီ မိတက်သည် ဘဏ်ခွဲအများဆုံး ဖွင့် လှစ်ထားနိုင်သည့် ပုဂ္ဂလိကဘဏ် များထဲ၌ တစ်ခုအပါအဝင်ဖြစ်ပြီး အ ပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) အား ၂ဝ၁ဝ ပြည့်နှစ် ဧပြီ လမှစ၍ လွှဲပြောင်းလုပ်ကိုင်ခွင့်ရရှိ ထားသော ပုဂ္ဂလိက လုပ်ငန်းစုတစ် ခုလည်းဖြစ်သည်။
အောင်ခွန်းဆက်


Artikel Terkait:

0 comments:

Post a Comment