
လက်ရှိတွင် သီလဝါဆိပ်ကမ်း အပါအဝင် ရန်ကုန်ဆိပ်ကမ်းများအ တွင်းသို့ နိုင်ငံတကာမှ သင်္ဘော ကြီးများဝင်ရောက် ဆိုက်ကပ်နိုင် သည့်ဆိပ်ခံတံတား ၂၂ စင်းရှိနေ ပြီး ရန်ကုန်ဆိပ်ကမ်းဘက်တွင် ၁၆ စင်းနှင့် သီလဝါဆိပ်ကမ်းဘက် တွင် ၆ စင်းရှိနေကြောင်း သိရသည်။
ယနေ့အချိန်အထိ ရန်ကုန် ဆိပ်ကမ်းသည် နိုင်ငံ၏အဓိကဆိပ် ကမ်းတစ်ခုအနေဖြင့် တည်ရှိနေပြီး သွင်းကုန်၊ ပို့ကုန် အားလုံး၏ ၉ဝ ရာခိုင်နှုန်းအား ကိုင်တွယ်ဆောင် ရွက်ပေးနေသော ဆိပ်ကမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။
”ရန်ကုန်ဆိပ်ကမ်းရဲ့ စုစုပေါင်း ဆိပ်ခံတံတား ၂၂ စင်းမှာ ပုဂ္ဂလိက က လုပ်ကိုင်နေတာ ၁၅ စင်းအထိ ရှိနေတယ်။ အစိုးရပိုင်တာက ၇ စင်း။ နောက်ပိုင်းမှာ သီလဝါဆိပ် ကမ်းဘက်မှာလည်း ဆိပ်ခံတံတား တွေနဲ့ ဆိပ်ကမ်းတွေက တိုးချဲ့သွား မယ်လို့လည်း သိရတယ်။ အဲဒီလို ပဲသာဆိုရင် ရန်ကုန်ဆိပ်ကမ်းမှာက ရင်းနှီးမြှုပ်နှံလာမယ့်သူတွေ များ လာမယ်။
ရန်ကုန်ဆိပ်ကမ်းဟာ လည်း ထုတ်ကုန်၊ သွင်းကုန်တွေ ပိုပြီးတော့ လုပ်ဆောင်လာနိုင်မယ်” ဟု အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေ သူတစ်ဦးက ဆိုသည်။
၂ဝဝဝ ခုနှစ်အတွင်းက ရန်ကုန် ဆိပ်ကမ်းများအတွင်းသို့ နိုင်ငံတကာ သင်္ဘောအစင်းရေ စုစုပေါင်း ၉၅၇ စင်း ဝင်ထွက်ခဲ့ပြီး သွင်းကုန်စုစု ပေါင်း မက်ထရစ်တန် ၆၁ သိန်း ကျော်နှင့် ပို့ကုန်စုစုပေါင်း မက်ထရစ် တန် ၄၄သိန်းကျော်အထိကိုင်တွယ် ဆောင်ရွက်ပေးခဲ့ရာမှ၂ဝဝ၉ခုနှစ်အတွင်း ၌ သင်္ဘောအစင်းရေ ၁၅၅၆ဖြင့် သွင်းကုန်ပမာဏ မက်ထရစ်တန် ၈၈ သိန်းကျော်နှင့် ပို့ကုန်ပမာဏ ၁၂၁ သိန်းကျော်အထိ လုပ်ဆောင် ပေးနိုင်ခဲ့ ကြောင်း တရားဝင်ထုတ်ပြန် သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စာရင်းဇယားများအရ သိရှိရသည်။
”ထားဝယ်ရေနက်ဆိပ်ကမ်း က စတင်လုပ်ဆောင်နေပြီဆိုရင် လည်း ရန်ကုန်ဆိပ်ကမ်းရဲ့လုပ် ဆောင်သွားနိုင်မှုကို ဘာမှထိခိုက် သွားမှာမဟုတ်ဘူး။ ရန်ကုန်ဆိပ် ကမ်းက သူ့အလုပ်သူလုပ်နေမှာပဲ။ လမ်းကြောင်းက တခြားစီပဲ။ ရန် ကုန်ကိုလာတဲ့ကုန်တွေက ရန်ကုန် ကိုပဲ လာမှာပဲ။ ပို့ကုန်လည်းဒီအ တိုင်းပဲ။ ထားဝယ်ကအလုပ်ဖြစ်ပြီ ဆိုရင် ရန်ကုန်ဆိပ်ကမ်းက ပိုပြီး တော့ အလုပ်တောင်လုပ်ရဦးမယ်” ဟု သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။
ယခု နောက်ပိုင်းကာလများ တွင် ဒဂုံဆိပ်ကမ်းရှိ မြေကွက်များ ဈေးမြင့်နေပြီး ဆိပ်ကမ်းများထပ်မံ တိုးချဲ့လာပါကအဆင်သင့်ဖြစ်စေရန် အတွက် လည်း ဖြစ်နိုင်ကြောင်းနှင့် သီလဝါစက်မှုဇုန်နှင့်ရန်ကုန် ဆိပ်ကမ်း များ တိုးတက်လာမှု နောက်ကွယ် တွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ပါ ထပ်မံ တိုးတက်လာ နိုင်ကြောင်းလုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။
”အခု ကမ်းနားလမ်းကလည်း လုပ်နေပြီ။ သီလဝါစက်မှုဇုန်ဘက် မှာလည်း အထိုက်အလျောက်သာ တိုးတက်လာပြီဆိုရင် ရန်ကုန်ဆိပ် ကမ်းဟာ လည်း အဓိကဆိပ်ကမ်း နေရာထက်ပိုပြီးတော့ လုပ်နိုင်လာ မယ်။ ထားဝယ်ပြီးရင် ထပ်မံရင်း နှီးမြှုပ်နှံလာမယ့် ဆိပ်ကမ်းဟာ ရန်ကုန်ဆိပ်ကမ်း ဖြစ်လာနိုင်တယ်။ အဲဒီလို ဖြစ်လာမယ်ဆိုရင် ရေ ကြောင်းဖွံ့ဖြိုးမှုလုပ်ငန်းတွေလည်း လုပ်ကိုင်လာမှာပဲ။
ရန်ကုန်မြစ်အ တွင်း ရေလှိုင်းတွေကလည်း ရေ ကြောင်းဝန်ဆောင်မှု လုပ်ငန်းတွေကို အနှောင့်အယှက် မပေးတဲ့အပြင်ကို မြစ်ဝရှိလှိုင်းကလည်း အမြင့် ၂ မီ တာထက် နည်းတယ်။ ယေဘုယျ အားဖြင့် ရေတက်ရေကျချိန်တွေမှာ အတွင်းစည်းခုံနဲ့ အပြင်စည်းခုံကို ဖြတ်သန်းဝင်ရောက်ရတဲ့အတွက် ဆိပ်ကမ်းတွေဖွံ့ဖြိုးလာတော့မယ် ဆိုရင် ဒီနှစ်ခုကိုဖျက်လိုက်ရုံပဲ။ အဲဒါ ဆိုရင် တန်ချိန်များတဲ့ သင်္ဘောတွေ အလွယ်တကူဝင်လာမယ်။ ပုဂ္ဂလိက လုပ်ပိုင်ခွင့်တွေကိုလည်း ပိုပေးလာ မယ်။ ဒီတော့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေလည်း ပိုတိုးတက်လာ နိုင်မယ်”ဟု ဆိပ်ကမ်းများ ဖွံ့ဖြိုး တိုးတက်မှုလေ့လာနေသူတစ်ဦးက လည်း သုံးသပ် ပြောကြားသည်။
မင်းသုအောင်
Artikel Terkait:
0 comments:
Post a Comment