
''ဒီနှစ် ဧပြီလနောက်ပိုင်းမှာ မန္တလေးတောင်ခြေက ရတနာပုံ တိရစ္ဆာန်ဥယျာဉ်ကို ပုဂ္ဂလိကလုပ်ငန်း တစ်ခုကို ငှားရမ်းလုပ်ကိုင်ခွင့် ပြုတော့မယ်လို့ ကြားသိရတယ်။ ဘယ်တော့လောက်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ငှားပြီးသွားရင်လဲ လက်ရှိ ၀န်ထမ်းတွေကို ဆက်ခန့်ထားပြီး လုပ်ငန်းလည်ပတ်သွားမယ်လို့လည်း ကြားပါတယ်။ တိရစ္ဆာန်ဥယျာဉ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာတွေကိုပဲ မူလအခြေမပျက် လုပ်ကိုင်ခွင့်ပြုမှာပါ''ဟု ရတနာပုံတိရစ္ဆာန်ဥယျာဉ်နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
''ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ အခြား ဥယျာဉ်တွေမှာ မရှိသလောက် နည်းပါးတဲ့ ရှားပါးလိပ်တွေ ရှိပါတယ်။ မြန်မာနိုင်ငံ အမြဲစိမ်းသစ်တောတွေ၊ ရခိုင်ရိုးမ သစ်တောတွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာသာ တွေ့မြင်ရနိုင်တဲ့ မျောက်လွှဲကျော် မျက်ခုံးဖြူတွေဟာဆိုရင် ၁၁ ကောင်အထိ ရှိပါတယ်။ ကမ္ဘာ့ခွာအသေးဆုံး သတ္တ၀ါဖြစ်တဲ့ ယုန်သမင်တွေလည်း ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါတယ်။ တိရစ္ဆာန်တွေ အပြင် ဆေးဘက်ဝင် အပင်အမျိုးအစားပေါင်း ၂၀၀ ခန့်ကိုလည်း စိုက်ပျိုး မွေးမြူထားပါတယ်''ဟု အဆိုပါ ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ရတနာပုံတိရစ္ဆာန်ဥယျာဉ်သည် အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေတွင် အကျယ် ၅၅ ဧက ရှိပြီး ယင်းနေရာသည် ယခင်က မန္တလေးမြို့တည်နန်းတည်နှစ် ၁၀၀ ပြည့် ပွဲတော်ကြီး စတင် ကျင်းပခဲ့သောကြောင့်
မန်းရာပြည့်ကွင်းကြီး အဖြစ် ထင်ရှားခဲ့ပြီး နိုင်ငံတော် အခမ်းအနား ပွဲတော်များ၊ ပြည်ထောင်စုနေ့ ပွဲလမ်းသဘင်များ၊ လူထုအစည်းအဝေးကြီးများနှင့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဈာပနအခမ်းအနားများ အစဉ်အဆက် ကျင်းပခဲ့ရာ နေရာလည်း ဖြစ်ကြောင်းနှင့် အဆိုပါ မန်းရာပြည့်ကွင်းကို ၁၉၈၉ ခုနှစ် မှစ၍ ရတနာပုံတိရစ္ဆာန်ဥယျာဉ် အဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ကြောင်း သိရသည်။ ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တ၀ါ ၃၂ မျိုး၊ ကျေးငှက်သတ္တ၀ါ ၄၆ မျိုး၊ တွားသွားသတ္တ၀ါ ၁၆ မျိုးရှိပြီး တိရစ္ဆာန်အ မျိုးပေါင်း ၉၄ မျိုးကို ထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြောင်း သိရှိရသည်။
Artikel Terkait:
0 comments:
Post a Comment