Monday, March 28, 2011

ထိုင်းနိုင်ငံမှ ကုန်စည်များ မြိတ်၊ ထားဝယ်ဘက်မှ တင်သွင်းရမှု ပိုမို များပြားလာ

Eleven Media Group:2011-03-27
w62616
မြိတ်မြို့ဆိပ်ကမ်း တစ်နေရာအား တွေ့ရစဉ်


ထိုင်းနိုင်ငံမှကုန်စည်များ တင်သွင်းရာတွင် ထိုင်းနိုင်ငံ ရနှောင်းမြို့မှ မြန်မာနိုင်ငံတောင်ပိုင်းရှိ မြိတ်၊ ထားဝယ်မြို့များသို့ ကုန်စည်တင်သွင်းရမှု ပိုမို များပြားလာလျက် ရှိနေပြီး ကုန်စည်တင်ဆောင်ပေးရသော လှေများလည်း
များပြားလာသည်။

ထိုင်းနိုင်ငံ ရနှောင်းမြို့မှ ကုန်စည်များ တိုက်ရိုက် တင်သွင်းရာတွင် ခွင့်ပြုချက် ရထားသော ကုန်စည်များ တင်သွင်းလာပြီး မြန်မာနိုင်ငံဘက်ခြမ်းမှ စစ်ဆေးကာ ချိပ်ပိတ်တင်သွင်းခွင့်ပြုသော စနစ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ရနှောင်းမြို့ ကုန်သွယ်မှု ပြု လုပ်ရာတွင် ရေကြောင်း ခရီးသာရှိပြီး ကုန်လှေများဖြင့်သာ တင်သွင်းလျက် ရှိသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများ အနေဖြင့် ကော့သောင်းနှင့် မြိတ်မြို့များတွင်ရှိပြီး ကုန်စည်များကို ကော့သောင်းမြို့တွင် စစ်ဆေး ချိပ်ပိတ်ပေးလိုက်ပြီး မြိတ်မြို့တွင် ချိပ်မှန်မမှန် ထပ်မံစစ်ဆေးခြင်း၊ တင်သွင်းခြင်းများ ပြုလုပ်ကာ ထားဝယ်မြို့သို့ တင်သွင်းမည့် ကုန်စည်များကို ဆက်လက် တင်သွင်းခွင့် ပေးပါသည်။

''စတင် ဆောင်ရွက်စဉ်က ကုန်လှေငါးစင်း ပြီးတော့ ရှစ်စင်းအထိ တိုးလာတယ်။ နှစ်ကုန်ပိုင်းလောက်မှာ ၁၆ စင်းလောက်အထိ တင်သွင်းနေရပြီး ယခုဆိုရင် ကုန်စည်တင်ဆောင်ပေးရတဲ့လှေ ၂၀ အထိ ရှိလာတယ်။ မြ၀တီဘက်မှ ကုန်သွယ်မှုတွေ နားထားပြီးနောက်ပိုင်း ပိုမို တင်သွင်းလာရတယ်''ဟု အေးဂျင့်တစ်ဦးကဆိုသည်။

ထိုင်းနိုင်ငံမှ တိုက်ရိုက် ကုန်စည်စတင်သယ်ယူစဉ်က တစ်လလျှင် အမေရိကန်ဒေါ်လာ သိန်းဂဏန်းမှ ယခုအခါ ဒေါ်လာသန်းနှင့်ချီကာ ကုန်သွယ်မှု တိုးတက်လာသည်။ ထိုင်းနိုင်ငံမှ ကုန်စည်များ တင်သွင်းရာတွင် မော်လမြိုင်၊ ရန်ကုန်မှ ကုန်သည်များလည်း တင်သွင်းမှုများ ပြုလုပ်နိုင်ပါသည်။

Artikel Terkait:

0 comments:

Post a Comment