မြန်မာနိုင်ငံရှိ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB)တို့မှ ဗီယက် နမ်သို့ ကန်ဒေါ်လာနှင့် LC ဖွင့်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရှိ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးဘဏ် (VIDB)မှ ဌာနေ ကိုယ်စားလှယ်မှ ဒီဇင်ဘာ ၁၃ ရက်တွင် မြန်မာ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတွင် ပြုလုပ်သော ဗီယက်နမ်-မြန်မာ ရောင်းသူဝယ်သူ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ် ကြောင်း ၄င်းအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာဇော်မိုးခိုင်က အတည်ပြု ပြောကြားသည်။ ”ဗီယက်နမ်ကို LC ဖွင့်လို့ရတော့ ပိုပြီးအဆင်ပြေ သွားတာ ပေါ့” ဟု သူ၏ သဘောထားကို ထပ်လောင်းပြောသည်။ နိုင်ငံတကာနှင့် ကုန်သွယ်ရေးတွင် MFTBနှင့် MICBမှသာ တစ်ဆင့်ယူရိုငွေဖြင့် LCဖွင့်ခွင့်ရနေခဲ့သည်။ စီးပွားရေး ပိတ်ဆို့မှုရှိနေ၍ ကန်ဒေါ်လာဖြင့် LC ဖွင့်သည့်နေရာများ ပိတ်ခဲ့ရပြီး ယူရိုငွေဖြင့်သာ LC ဖွင့်ခဲ့ရသည်။ LCဖွင့်ရာတွင် စင်ကာပူ၊ မလေး ရှား စသည့် နိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဖွင့် ကြကြောင်း၊ ထိုသို့ LC ဖွင့်ခြင်းကို အစိုးရဘဏ်MFTBနှင့် MICBမှသာ ဆောင်ရွက်ပြီး ပုဂ္ဂလိကဘဏ်များကို ပေးမှုမရှိသေးကြောင်း သိရသည်။
PN-018
Artikel Terkait:




0 comments:
Post a Comment