Saturday, December 18, 2010

မြန်မာ့ထုတ်ကုန် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်ရန် ဘဏ်ချေးငွေအတိုးနှုန်းလျှော့ချသင့်

Posted by Popular News on Dec 15th,

မြန်မာ့ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်း သက်သာစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရန်အတွက် ဘဏ်ချေးငွေအတိုးနှုန်း များကို လျှော့ချရန် လို အပ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦး ကပြောသည်။ကုန်ထုတ်ကဏ္ဍတိုးမြှင့်ရန်အ တွက် လုပ်ငန်းရှင်များမှာ ဘဏ်မှ ချေးငွေများ ချေးယူရာတွင် ပေးဆပ် ရသောဘဏ်တိုးနှုန်းများ ကြီးမြင့် ခြင်းကြောင့် ထုတ်ကုန်တန်ဖိုးများ မြင့်တက်လာပြီး နိုင်ငံတကာ ဈေး ကွက်တွင် ယှဉ်ပြိုင်ရန် ခက်ခဲ ကြောင်း သိရသည်။”ပစ္စည်း တစ်ခုထုတ်လုပ် တော့မယ်ဆိုရင် အဲဒီပစ္စည်းထုတ် လုပ်မှုစရိတ်စကတွေက မြင့်တဲ့ အခါ တန်ဖိုးကိုပါမြှင့်ထားရတော့ အခြားနိုင်ငံတွေနဲ့ ထုတ်ကုန်အရေ အသွေးချင်း အတူတူဖြစ်နေပေမယ့် မြန်မာ့ထုတ်ကုန်က သူတို့နဲ့ ဈေး နှုန်းမယှဉ်နိုင်ဘူး၊ ဈေးကြီးနေ တယ်” ဟု ၄င်းက ပြောသည်။နိုင်ငံတကာတွင် ဘဏ်ချေး ငွေ အတိုးနှုန်းမှာ နိုင်ငံတွင်းစီးပွား ရေးအခြေနေကိုလိုက်၍ အတက် အကျရှိပြီး၊ လုပ်ငန်းရှင်များ ကုန် ထုတ်ရာတွင် ဈေးကွက်တည်ငြိမ်စေ ရန်နှင့် ပို့ကုန်ဈေးကွက် ယှဉ်နိုင်ရန် ချေးငွေ အတိုးနှုန်းများကို လိုက်လံ ပြောင်းလဲပေးကြောင်း သိရသည်။”မြန်မာ့ဘဏ်ကထုတ်လုပ်မှု စရိတ်စတာတွေ မြင့်တဲ့အခါ ဘဏ် ချေးငွေယူကြတယ် အတိုးနှုန်းက လည်း အခြားနိုင်ငံတွေနဲ့ မယှဉ်နိုင် တော့ ကမ္ဘာ့ပေါက်ဈေးကို လိုက် မမှီနိုင်ဘူး၊ ကမ္ဘာ့ပေါက်ဈေးထက် ဈေးမြင့်နေပြီး ပေါက်ဈေးအတိုင်း ရောင်းချ မယ်ဆိုရင် အရှုံးပေါ်တော့ ဆန်တင်ပို့မှု နည်းပါးသွားရော” ဟု ¤င်းက ထပ်လောင်းပြော သည်။မြန်မာနိုင်ငံဘဏ်ချေးငွေ    အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၇ ရာခိုင် နှုန်းဖြစ်ပြီး အပ်ငွေအတိုးနှုန်း မှာ တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်းဖြစ် ကြောင်း အာရှစံချိန်အရ မြန်မာ နိုင်ငံ၏ ချေးငွေအတိုးနှုန်းမှာအများ ဆုံးတွင်ပါဝင်ကြောင်း သိရသည်။
ဝေယံမိုးမြင့်


Artikel Terkait:

0 comments:

Post a Comment