Saturday, December 18, 2010

မိတ္ထီလာတွင် မြန်မာမွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ဖွင့်

Posted by Popular News on Dec 14th, 2010

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ သီရိမင်္ဂလာနယ်မြေ၊ ရန်ကုန်-မန္တလေးလမ်းအနီးတွင် မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (မိတ္ထီလာဘဏ်ခွဲ) အား ဒီဇင်ဘာလဆန်းပိုင်းတွင် ဖွင့် လှစ်မည်ဟု သိရသည်။ ”အဆောက်အအုံပြင်ဆင်မှု အပိုင်း၊ဝန်ထမ်းခန့်အပ်မှုအပိုင်း တွေက ပြီးစီးသွားပါပြီ။ ဗဟိုဘဏ် က တာဝန်ရှိသူတွေလာရောက် စစ် ဆေးပြီးရင် စတင်ဖွင့်လှစ်မှာပါ။ ဒီ ဇင်ဘာလဆန်းပိုင်းလောက် ဖွင့် ဖြစ်မယ်ထင်ပါတယ်”ဟု အဆိုပါ ဘဏ်မှ ဝန်ထမ်းတစ်ဦးက ပြော သည်။ မိတ္ထီလာတွင် ပုဂ္ဂလိကဘဏ်များဖြစ်သည့် ရိုးမဘဏ်၊ ကမ္ဘောဇ ဘဏ်၊ အင်းဝဘဏ်၊ သမဝါယမ ဘဏ်(CB Bank)များ ဖွင့်လှစ်ထားပြီး ယခုဖွင့်မည့် ဘဏ်သည် ပဉ္စမမြောက်ဘဏ်ဖြစ်ပြီး ဧရာဝတီဘဏ်လုပ်ငန်းရှင်များအဖွဲ့မှ ဧရာဝတီဘဏ်(မိတ္ထီလာဘဏ်ခွဲ)အား မိတ္ထီလာ၊ မြို့မနယ်မြေ၊ ရန်ကုန်  မန္တလေးလမ်းမအနီး (ယခင်-ဂျီးအီးစီ ကုန်တိုက်ဟောင်း) နေရာတွင် ဘဏ်ခွဲတစ်ခု ထပ်မံဖွင့် လှစ်မည်ဟု သိရသည်။ မိတ္ထီလာမြို့သည် မြင်းခြံ-ကျောက်ပန်းတောင်း၊ ရန်ကုန်-နေပြည်တော်- မန္တလေးကားလမ်းမများဆုံရာ ခရီးလမ်းဆုံမြို့ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်း အချက်အချာ နေရာ တစ်ခု ဖြစ်ခြင်းကြောင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များ အနေနှင့် ဘဏ်ခွဲများ ဖွင့်လှစ်ရန် စိတ်ဝင်စား လာကြခြင်း ဖြစ်နိုင်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောသည်။
မင်းကျော်စွာ


Artikel Terkait:

0 comments:

Post a Comment