Monday, December 27, 2010

၂၀၁၀ တွင် ပိုပြီး လူသိများလာသော IGE ကုမ္ပဏီလီမိတက်နှင့် ဦးနေအောင်

Sunday, 26 December 2010 07:17 special.news-eleven
ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရန်ကုန်သို့ ပို့လွှတ်မည့်ပိုက်လိုင်း သွယ်တန်းနေမှုကို တွေ့ရစဉ်ရေရှည်စီမံကိန်းကြီးများတွင် ပါဝင်တည်ဆောက်ခွင့်ရခြင်း၊ ဘဏ်သစ်တည်ထောင်နိုင်ခဲ့ခြင်း သတင်းများနှင့်အတူ လူသိများ ကျော်ကြားလာသည့် International Group of Entrepreneurs(IGE) ကုမ္ပဏီနှင့် ဦးနေအောင်အား ၂၀၁၀ ပြည့်နှစ်၏ ထင်ရှားကျော်ကြားမှုကဏ္ဍတွင် ထည့်သွင်းဖော်ပြပါသည်။
ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှနေ၍ ဧရာဝတီတိုင်းဒေသကြီး အတွင်းဖြတ်သန်းကာ ရန်ကုန်သို့ပို့လွှတ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုတွင် ပါဝင်တည်ဆောက်ခဲ့ပြီးနောက် IGE ကုမ္ပဏီလီမိတက်နှင့် ဦးနေအောင် အမည်မှာ ပြည်သူများကြား သိရှိသူ များလာခဲ့ရသည်။
ထို့နောက်တွင် နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်နှင့် ဆီတင်ဆိပ်ကမ်းသစ်များ ပုဂ္ဂလိကပိုင်ပြုလုပ်ရာ၌ လုပ်ကိုင်ခွင့်ရရှိကာ လုပ်ငန်းသစ်များ တိုးချဲ့တည်ထောင်လာနိုင်ပြီးနောက် ပို၍လူသိများ ကျော်ကြားလာခဲ့ပါသည်။
တစ်စပ်တစ်ဆက်တည်းပင် အသစ်တည်ထောင်ခွင့်ရရှိသော ပုဂ္ဂလိက ဘဏ်သစ်လေးခုဖြစ်သည့် ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ United အမရာဘဏ်နှင့် AGD ဘဏ်များထဲတွင် United အမရာဘဏ်မှာ IGE ကုမ္ပဏီမှ တည်ထောင်မည်ဟူသည့် သတင်းစကားများကြောင့် International Group of Entrepreneurs(IGE) ကုမ္ပဏီ နှင့် ဦးနေအောင်မှာ ပို၍လူသိများ ကျော်ကြားခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ အများပြည်သူကြားတွင် လူသိများလာသည့် IGE ကုမ္ပဏီအနေဖြင့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ထိုင်းနိုင်ငံမှကုမ္ပဏီတစ်ခုတို့ဖြင့် ပူးပေါင်းကာ သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်သံလွင်(မိုင်းတုံ) ရေအား လျှပ်စစ်စီမံကိန်းအား တည်ဆောက်ရန် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

စက်သုံးဆီဆိုင်လုပ်ငန်း တိုးချဲ့နိုင်ခြင်းမှစကာ ဘဏ်သစ် တည်ထောင်သည့် လုပ်ငန်းများကဲ့သို့သော လူအများစုအသုံးပြုရာ လုပ်ငန်းသစ်များ လုပ်ကိုင်လာနိုင်ခြင်းကြောင့်...
IGE ကုမ္ပဏီလီမိတက်မှာ ရဲရွာရေအားလျှပ်စစ် စီမံကိန်းတွင်လည်း လုပ်ငန်းများပါဝင် လုပ်ဆောင်နိုင်ခဲ့သည်။
ပါဝါကေဘယ်လ်၊ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ နှင့် သက်ဆိုင်သည့်လုပ်ငန်းများကို တစ်စိုက်မတ်မတ် ပြုလုပ်လာခဲ့ပြီး နောက် နောက်ပိုင်းနှစ်များတွင် နေပြည်တော်၌ အမရာဟိုတယ် တည်ထောင်လုပ်ကိုင်ခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ်တွင်မူ အထူး သဖြင့် စက်သုံးဆီဆိုင်လုပ်ငန်း တိုးချဲ့နိုင်ခြင်းမှ စကာ ဘဏ်သစ်တည်ထောင်သည့် လုပ်ငန်းများကဲ့သို့သော လူအများစုအသုံးပြုရာ လုပ်ငန်းသစ်များ လုပ်ကိုင်လာနိုင်ခြင်းကြောင့် International Group of Entrepreneurs(IGE) ကုမ္ပဏီနှင့် ဦးနေအောင်မှာ လူသိများ ကျော်ကြားရခြင်းဖြစ်သည်။

Artikel Terkait:

0 comments:

Post a Comment