
လမ်း၊ ဆိပ်ကမ်း လုပ်ငန်းများ လုပ်ကိုင်ထားမှုအပြင် မကွေး FC ဘောလုံးအသင်း တည်ထောင်ထားခြင်းကြောင့် ယခင်ကပင် လူသိများခဲ့ပြီး လုပ်ငန်းသစ်များ ထပ်မံတိုးချဲ့နိုင်ခြင်း ဟူသည့်အချက် ထည့်ပေါင်းခြင်းဖြင့် လူအများကြား ပို၍ကျော်ကြားလာသည့် အေးရှားဝေါလ်ကုမ္ပဏီ နှင့် ဦးထွန်းမြင့်နိုင်အား ၂၀၁၀ပြည့်နှစ် ထင်ရှားကျော်ကြား ကဏ္ဍတွင် ထည့်သွင်း ဖော်ပြလိုက်ပါသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ကျော်ကြားမှုအဖြစ် သီရိမင်္ဂလာဈေးကြီးတည်ရှိရာ ဆိပ်ကမ်းသစ်နေရာအချို့အား အေးရှားဝေါလ်ကုမ္ပဏီမှလုပ် ကိုင်ခွင့်ရမည်ဆိုသည့် သတင်းဖြင့် စတင်ခဲ့သည်။ ထို့နောက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံတော်မှ သတ်မှတ်ပေးသည့် စနစ်များအတိုင်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
| ရေရှည်စီမံကိန်းများတွင် ပါဝင်တည်ဆောက်ရန် ကြိုးပမ်းနိုင်ခဲ့ပြီး အဆိုပါစီမံကိန်းများထဲတွင် ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း၊ ရွှေလီ(၂)၊ ဘီလူးချောင်း(၃) ရေအားလျှပ်စစ် စီမံကိန်းများအပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအချို့တွင်လည်း ပူးပေါင်းတည်ဆောက်ရန် ပါဝင်မှုရှိခဲ့ . . . |
ရန်ကုန်- မန္တလေးလမ်းပိုင်း၊ ထုံးဘို- ပြင်ဦးလွင်လမ်းပိုင်း၊ ရန်ကုန်- ပုသိမ်လမ်းပိုင်း၊ ပုသိမ်- ငွေဆောင် လမ်းပိုင်းများကို လမ်းပြုပြင်ဖောက်လုပ်ရန်နှင့် လမ်းတံတား ကြေးကောက်ခံရန် B.O.T စနစ်ဖြင့် တိုးချဲ့လုပ်ကိုင်နိုင်မှုကြောင့် ပို၍လူ သိများခဲ့သည်။
အေးရှားဝေါလ်ကုမ္ပဏီနှင့် ဦးထွန်းမြင့်နိုင် အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ် ငန်းများ၊ ကျောက်ထုတ်လုပ်ငန်း များ၊ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊ လမ်းတည်ဆောက်ခြင်း လမ်းတံတားကြေး ကောက်ခံမှုလုပ်ငန်းများကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့ပြီး ယခုနှစ်ပိုင်းများ အတွင်း ရတနာပုံတယ်လီပို့၌ နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများထုတ်လုပ်သည့် စက်ရုံကိုပါ ထပ်မံ တည်ထောင်လုပ်ကိုင်နိုင်ခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ်အတွင်း မူလရှိနှင့်ပြီး လုပ်ငန်းများအပြင် လုပ်ငန်းသစ်များတိုးချဲ့နိုင်ခြင်း၊ ရေရှည်စီမံကိန်းများ တိုးတက်လုပ်ကိုင်နိုင်ခဲ့ခြင်းများသည် အေးရှားဝေါလ်ကုမ္ပဏီနှင့် ဦးထွန်းမြင့်နိုင်အားပို၍ ကျော်ကြားခဲ့ရခြင်းဖြစ်ပါသည်။
Artikel Terkait:




0 comments:
Post a Comment