စွန့်ဦးတီထွင်ဖြစ်ချင်သလား၊ ကောင်းစွာတွေး တောကြံစည်ပြီး စိတ်ကူးကောင်းတွေရှိဖို့လိုပါတယ်။ ဒီစိတ်ကူးကောင်းကို အကောင်အထည်ဖော်ဖို့ ဓနငွေကြေး လိုပြန်တယ်။ ဒီနှစ်ခုပြည့်စုံရင်တော့ အချိန်အခါနဲ့ နေရာဒေသ ရွေးချယ်အကောင်အထည်ဖော်လိုက်ပါ။ အခက်အခဲမှန်သမျှ သင်ခန်းစာတွေ ဖြစ်လာပါလိမ့်မယ်။ ရင့်ကျက်မှုများဟာ ရှေ့ဆက်သွားရမယ့် လှေကား ထစ်တွေပါ။ ဒီအချက်တွေ ပြည့်စုံဖို့ ရှားပါးလူစာရင်းဝင် တဲ့ စွန့်ဦးတီထွင်သူဟာ နိုင်ငံတစ်နိုင်ငံအတွက် အလွန် အရေးပါတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်လာမှာပါ။ အများလုပ်ဖူးတဲ့ကိစ္စက ကိုယ့်အတွက် သင်ခန်းစာပါ။ မလုပ်ဖူး သေးတဲ့ အလုပ်တွေကလည်း ကျော်လွှားရမယ့် အခက်အခဲအဖြစ် သတ်မှတ်ပြီး ပြေးလမ်းပေါ် ရောက်နေတဲ့ အပြေးသမားတစ်ယောက်ရဲ့ သတ္တိမျိုးနဲ့ ပန်းတိုင်အတွက် ခြေလှမ်းတိုင်းဟာ အရေးကြီးကြောင်း သက်သေပြ ရင်းနဲ့ ရရှိလာမယ့်အောင်မြင်မှုရလဒ်ဟာ မိမိအတွက်သာမက နိုင်ငံအတွက် အရေးပါတယ်ဆိုတဲ့အကြောင်း သက်သေပြသင့်ပါတယ်။
ဈေးကွက်စီးပွားရေးစနစ်ဟာ အချိန်အခါကောင်းကို စောင့်ကြည့်လုပ်ကိုင်ရတာ မှန်ပေမယ့် တံခါး ဖွင့်စီးပွားရေးစနစ်ဖြစ်လာရင်တော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ညီညွတ်တဲ့စနစ်နဲ့ ကုန်စည်တွေကို ထုတ်လုပ် နိုင်ဖို့ ရင်ပေါင်တန်းနိုင်ဖို့ လိုအပ်လာပါမယ်။
ဒါကြောင့် ပွဲမ၀င်ခင်အပြင်မှာ ကျင်းပဆိုတဲ့အတိုင်း နိုင်ငံ့စီးပွားရေးကို ကြိုတင် ရှေးရှုပြီး စွန့်ဦးတီ ထွင်မယ့်လူငယ်များ မရှိမဖြစ်လိုအပ်ပါတယ်။
Yangon Media Group 27, 12, 2010
Artikel Terkait:




0 comments:
Post a Comment