Monday, December 27, 2010

မြန်မာ့ရေထွက်နှင့် စားသောက်ကုန်ပစ္စည်း ကိုရီးယားက ၀ယ်မည်

 ရန်ကုန်၊ ဒီဇင်ဘာ ၂၁- မြန်မာ့ရေထွက် ကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်း များ တိုးမြှင့်ဝယ်ယူရန် ကိုရီးယားက ကမ်း လှမ်းထားကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

    ယင်းကဲ့သို့ နှစ်နိုင်ငံစီးပွားရေး ကိစ္စဆွေးနွေးမှုကို ယခုလပထမပတ်အတွင်း စီးပွား၊ ကူးသန်းဝန်ကြီးဌာန ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံရုံး (ုဥျွှဗ)တို့၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင် များ ကုန်သည်ကြီးများဟိုတယ်တွင် ဆွေး နွေးခဲ့ကြသည်။ 


    ''လက်ရှိ ကိုရီးယားနဲ့ ကုန်သွယ် မှုတွေပြုလုပ်နေပါတယ်။ ဆက်လက်လဲ တိုး မြှင့်လုပ်ဆောင်သွားမှာပါ။ နောက်သုံးလ အကြာမှာ ကိုရီးယားစီးပွားရေးလုပ်ငန်းရှင် တွေနဲ့ ထပ်မံတွေ့ဆုံဖို့ ချိန်းဆိုထားကြပါ တယ်။ အသေးစိတ်ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ်သွားမှာပါ''ဟု အဆိုပါတာဝန်ရှိသူ က ဆက်လက်ပြောသည်။
   

 လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ပြောင်း၊ နှမ်း၊ ရေထွက်ပစ္စည်း၊ ချုပ်ပြီးအထည် နှင့် အခြားစားသောက်ကုန်ပစ္စည်းများကို တင်ပို့ရောင်းချမှုများ ပြုလုပ်နေကြောင်း၊ လာ မည့်နှစ်တွင်လည်း ကုန်သွယ်မှုများ တိုးမြှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဒီ ဇင်ဘာ ၇ရက်အထိ မြန်မာနှင့်ကိုရီးယား ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၂၆၂ ဒသမ၈၆သန်းဝန်းကျင်ရှိခဲ့ကြောင်း စီးပွား ကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်
Yangon Media Group

Artikel Terkait:

0 comments:

Post a Comment