Monday, December 27, 2010

ဧည့်မထဆန် တန်ချိန်နှစ်သောင်း အာဖရိကသို့ တင်ပို့


ရန်ကုန်၊ ဒီဇင်ဘာ ၂၅- မြန်မာ့စီးပွားရေး ကော်ပိုရေး ရှင်းမှ အာဖရိကအနောက်ပိုင်းသုံးနိုင်ငံသို့ ၂၅မှတ် ဧည့် မထဆန် တန်ချိန်နှစ်သောင်းကို မြန်မာနိုင်ငံက ထရိတ် ၀င်းသင်္ဘောဖြင့် ဒီဇင်ဘာ၁၂ရက်က တင်ပို့ခဲ့ကြောင်း သိရသည်။
    ထရိတ်ဝင်းသင်္ဘောသည် ရန်ကုန် သီလ၀ါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင်ဆိုက်ကပ်ပြီး အဆိုပါ ဆန်များကိုတင်ကာ ဒီဇင်ဘာ ၁၄ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သိရသည်။
    ''ဧည့်မထ၂၅မှတ်ဆန်ကို အာဖရိကနိုင်ငံတွေ က ပိုပြီးမှာယူတာတွေ့ရပါတယ်။ ဒီဆန်က ဈေးလဲသက် သာသလို အစာလဲခံတဲ့အတွက် အလုပ်ကြမ်းသမား တွေ အများဆုံးစားသုံးတာကြောင့် အာဖရိကလိုနိုင်ငံ တွေက ယခုလိုမှာယူရတာဖြစ်ပါတယ်။ နိုင်ငံတကာဈေး ကွက်ဝင်တဲ့ ဧည့်မထဆန်တွေကိုလဲ ဆက်လက်ပြီး ယခု လိုမျိုး အာဖရိကနိုင်ငံတွေက ထပ်ပြီးမှာယူနေဦးမှာပါ။ ဈေးကွက်အနေ နဲ့ ရရှိနေတဲ့ ဧည့် မထဆန်လိုမျိုးကို လဲ တောင်သူတွေ အနေနဲ့ ပိုမိုစိုက်ပျိုး သင့်ပါတယ်။ ယခု တင်ပို့လိုက်တဲ့ ဆန်အ မျိုးအစားကလဲ ၂၅မှတ် ဧည့်မထဆန်အမျိုးအစား ဖြစ်ပါ တယ်''ဟု ကုန်ပစ္စည်းစစ်ဆေးရေး ကိုယ် စားလှယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
    အဆိုပါဆန်များကို အပြည်ပြည်ဆိုင်ရာ သီ လ၀ါဆိပ်ကမ်း၌ တင်ပို့ရာတွင် ဆန်အရည်အသွေး၊ သတ်မှတ်ထားသော အလေးချိန်၊ ထုပ်ပိုးပုံနှင့် အရေ အတွက် မှန်ကန်စွာရှိစေရန်အတွက် အက်ဂျီအက်စ်၊ အေပီအိုင်အေ၊ ဘီဗွီကျူအင်နှင့် အိုမစ်စသော ကုန် ပစ္စည်းစစ်ဆေးရေးအဖွဲ့က သင်္ဘောတင်လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    ၂၀၁၀တွင် မြန်မာနိုင်ငံအနေဖြင့် ဆန်တန် ချိန်နှစ်သိန်းကို ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ 

Yangon Media Group   

Artikel Terkait:

0 comments:

Post a Comment