Monday, December 27, 2010

ကန်ဒေါ်လာ ၁၁၁၄ဒသမ၆၇သန်း တန်ဖိုးရှိသော ကျောက်စိမ်းများ တရုတ်သို့ တင်ပို့နိုင်ခဲ့


ရန်ကုန် ဒီဇင်ဘာ ၂၄- ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်(ဒီဇင်ဘာ ၃ရက်အထိ) ကန်ဒေါ်လာ ၁၁၁၄ ဒသမ၆၇သန်း တန်ဖိုးရှိသော ကျောက်စိမ်းများကို တရုတ်နိုင်ငံသို့ အဓိကထားရောင်းချခဲ့ကြောင်း သိရသည်။
    ယင်းတို့ကို မြန်မာနိုင်ငံပင်လယ်ရေကြောင်းမှ ပို့ဆောင်ခြင်းဖြစ်ပြီး ကျောက်စိမ်းအပြင် ယန္တရား လူသုံးကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ရော်ဘာ၊ ကျွန်းသစ်ခွဲသားပုစွန် စသည်တို့ကို တင်ပို့ရောင်းချခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
    ''တရုတ်နိုင်ငံနဲ့လဲ ကုန်သွယ်မှုပမာဏတွေ တိုးတက်နေပါတယ်။ တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့လဲ ကုန်သွယ်မှုတွေပြုလုပ်နေပါတယ်။ နောင်ကိုလဲ ကုန် သွယ်မှုပမာဏတွေတိုးတက်လာဖို့ရှိတယ်''ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
    တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာ ယခု၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၇ရက်အထိ စုစုပေါင်း ကန်ဒေါ်လာ ၉၀၆ဒသမ၁၈သန်းဖိုးခန့် ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။ 

Yangon Media Group

Artikel Terkait:

0 comments:

Post a Comment