Monday, December 27, 2010

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု လျော့ကျခြင်းမရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂- ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားသည့် တိုင် ကုန်သွယ်မှုပမာဏမှာ လျော့ကျသွား ခြင်းမရှိကြောင်း သိရသည်။
    ယင်းကိစ္စကို ဒီဇင်ဘာ ၁၀ ရက် က ရန်ကုန်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည့်သတင်း စာရှင်းလင်းပွဲတွင် နယ်စပ်ကုန်သွယ်ရေးဦး စီးဌာနညွှန်မှူး ဦးဇော်မင်းက ပြောသည်။
      ''နယ်စပ်ဂိတ်တံတားပိတ်ပြီး ထိမှာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှု ပမာဏဟာ ၁၃၈ ဒသမ ၆၈၈သန်းရှိတယ်။မနှစ်ကဆို အဲဒီအချိန် ၁၂၇ ဒသမ ၅၂၃ သန်းပဲရှိတာ။ နှစ်ခုနှိုင်းယှဉ်ရင် ထိုင်း- မြန်မာ နယ်စပ်မြ၀တီတံတားပိတ်ချိန်မှာ ၁၁ ဒသမ ၁၆၅သန်းပိုနေတာ တွေ့ရတယ်။ ဒီနယ်စပ် ဂိတ်ကိုလဲ သက်ဆိုင်ရာက ခွင့်ပြုပေးတဲ့ အချိန်မှာ ပြန်လည်ဖွင့်လှစ်သွားမှာပါ''ဟု ဦးဇော်မင်းက ပြောသည်။
    မြန်မာနိုင်ငံသည် ယခု၂၀၁၀-၂၀၁၁ဘဏ္ဍာနှစ် ဒီဇင်ဘာ ၇ရက်ထိ ထိုင်း နိုင်ငံနှင့် ၂ ဒသမ ၀၃၅ဘီလီယံကုန်သွယ် နိုင်ခဲ့ကာ ကုန်သွယ်မှုအများဆုံးပြုလုပ်ခဲ့ သည့်နိုင်ငံလည်း ဖြစ်သည်။ မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းကို ပိတ်ထားခဲ့သည်မှာ ယခုဆိုလျှင် ငါးလခန့်ရှိပြီဖြစ်သည်။ 

Yangon Media Group


Artikel Terkait:

0 comments:

Post a Comment