အတွဲ ၂၅ ၊ အမှတ် ၄၉၈ ၊ ၂၃-၁၂-၂၀၁၀ သန်းထိုက်ဦး
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သည် ရန်ပုံငွေ တောင့်တင်းရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်တွင် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။"ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေး တောင့် တင်းအောင် မွေး/ရေဘဏ်မှာ အစု ရှယ်ယာ ကျပ်သိန်း ၅,၀၀၀ ဖိုး ၀ယ်ဖို့ ရှိပါတယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သည် မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး ရေးဘဏ်တွင် လက်ရှိတွင် အစုရှယ်ယာ ကျပ်သိန်း ၃,၆၀၀ ဖိုး ၀ယ်ယူထားပြီး ဖြစ်သည်။ မွေး/ရေဘဏ်၏ ရင်းနှီးမတည်ငွေ မှာ ကျပ် ဘီလျံ ၂၀ ရှိပြီး အစုရှယ်ယာ တစ်ခုလျှင် ကျပ် ၅၀၀,၀၀၀ တန် ကြောင်း ယခုနှစ်အစောပိုင်းက ကျင်းပ သော ၎င်းဘဏ်၏ ၁၅ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ကြေညာခဲ့သည်။
၂၀၀၉-၁၀ ဘဏ္ဍာနှစ် အကုန်တွင် မွေး/ရေဘဏ်သည် ကျပ် ၁၂ ဒသမ ၀၉ တန်ဖိုးရှိ အစုရှယ်ယာ ၂၄,၁၇၆ ခု ကို ရောင်းချခဲ့ပြီး အစုရှယ်ယာတစ်ခု အတွက် အမြတ်ငွေ ကျပ် ၁၂၅,၀၀၀ ခွဲဝေပေးခဲ့သည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သည် မွေး/ရေဘဏ်တွင် အစုရှယ်ယာ ကျပ် သန်း ၅,၀၀၀ ဖိုး ၀ယ်ယူပြီးပါက ဘဏ်ရှယ်ရာ ၄ ဒသမ ၀၈ ရာခိုင်နှုန်း ပိုင်ဆိုင်လာမည်ဖြစ်ပြီး လက်ရှိ ၂ ဒသမ ၉၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၈၃ ခုနှစ်တွင် ရေလုပ်ငန်းပညာရှင် များ အသင်းအဖြစ် စတင် တည်ထောင် ခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအသင်း၊ ၁၉၉၈ ခုနှစ်တွင် လက်ရှိအမည်ဖြင့် ပြောင်းလဲဖွဲ့စည်း ခဲ့သည်။
Artikel Terkait:




0 comments:
Post a Comment