အတွဲ ၂၅ ၊ အမှတ် ၄၉၈ ၊ ၂၃-၁၂-၂၀၁၀ ဖြိုးဝေကျော်နှင့် ၀င်းကိုကိုလတ်
ဝန်ကြီးဌာနအသီးသီးမှ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနသို့ လေလံတင်ရောင်းချရန် အပ်နှံထားသည့် မော်တော်ယာဉ်မျိုးစုံ အစီး ၉၀ ခန့်၊ မော်တော်ဆိုင်ကယ်များ၊ ထွန်စက်နှင့် ယန္တရားများကို One Stop Service ဈေးပြိုင် အိတ်ပိတ် စနစ်ဖြင့် ယခုလ ၁၄ ရက်နေ့က နေပြည်တော် တွင် ရောင်းချခဲ့သည်။ရောင်းချခဲ့သော ကားများတွင် တိုယိုတာဂျစ်၊ မာဇဒါဂျစ်၊ တိုယိုတာလင်ခရူ ဆာဂျစ်၊ မြန်မာဂျစ်၊ ရုရှားဂျစ်၊ မာဇဒါ ဘီ ၆၀၀၊ ဗောက်စ် ဝက်ဂွန်၊ မိုက်ခရို ဘတ်စ်၊ မစ်ဆူဘီရှီဂျစ်၊ ၀ီလီဂျစ်၊ မာဇဒါအီး ၂၀၀၀ အယ်လ်တီ၊ ဟီးနိုး တီအီး ၂၁ ထရပ် စသည့် ကားများ ပါဝင် ခဲ့သည်။
"အခုရောင်းတဲ့ ကားတွေက မာဇဒါဂျစ်တွေ၊ မာဇဒါ ဘီ ၆၀၀ လိုမျိုးတွေ များပြီး အိမ်စီးလိုင်းတွေနည်းလို့ ကားဈေးကွက်ကိုတော့ ရိုက်ခတ်မှုမရှိနိုင်ပါဘူး။ စာရင်းထဲမှာတွေ့ရသလောက် တိုယိုတာ လင်ခရူဆာဂျစ်ဆို သုံး၊ လေး စီးလောက်ပဲပါတယ်။ အခုပြီးသွား သလောက် ဈေးပြိုင်အောင်သွားတဲ့နှုန်း တွေမှာ တိုယိုတာဂျစ်တစ်စီးကို ကျပ် သိန်း ၂၀၊ တိုယိုတာ လင်ခရူဆာဂျစ် တစ်စီးကို ၅၂ သိန်းစွန်းစွန်း၊ မာဇဒါ ဘီ ၆၀၀ တစ်စီးကို ငါးသိန်း စွန်းစွန်းနဲ့ ရသွားတာကို တွေ့ရတယ်။ သူ့ဈေးနဲ့သူတော့ မဆိုးပါဘူး။ သယ်ယူ စရိတ်၊ ပြင်ဆင်စရိတ်တွေတော့ ရှိဦးမှာပေါ့"ဟု လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။
Artikel Terkait:




0 comments:
Post a Comment