Sunday, December 26, 2010

ပုဂ္ဂလိက ကျွန်းစိုက်ခင်း ဧက ၁၅၀,၀၀၀ ခန့် တည်ထောင်ခွင့်ပြုထား

အတွဲ ၂၅ ၊ အမှတ် ၄၉၈ ၊ ၂၃-၁၂-၂၀၁၀ ၀င်းကိုကိုလတ်

မြန်မာနိုင်ငံတွင် ယခုနှစ်အောက်တိုဘာလကုန်အထိလုပ်ငန်းရှင်နှင့်ကုမ္ပဏီ ၈၉ ခုအား ပုဂ္ဂလိကကျွန်းစိုက်ခင်း ပေါင်း ဧက ၁၅၀,၀၀၀ ခန့်အထိ ခွင့်ပြု ထားကြောင်း သစ်တောရေးရာဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကျွန်းသစ် ပေါက်ရောက်ရာ ကျွန်းမူရင်းဒေသ တစ်ခုအဖြစ် ဆက်လက်တည်တံ့ရေး၊ နိုင်ငံတော်နှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံ သည့် ပုဂ္ဂလိကကဏ္ဍ တိုးမြှင့်လာပြီး ပြည်ပ ၀င်ငွေရှာဖွေရေး၊ သဘာ၀၀န်းကျင် တည်တံ့ ခိုင်မြဲရေးနှင့် ဒေသခံပြည်သူ များ အလုပ်အကိုင် အခွင့်အလမ်းရရှိ ရေး၊ မြန်မာ့တော်ဝင်ကျွန်းသစ်ကို သား စဉ်မြေးဆက် ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၀၅-၀၆ ခုနှစ်မှစ၍ ပုဂ္ဂလိက ကျွန်း စိုက်ခင်းများအား စတင်တည်ထောင် ခွင့်ပြုခဲ့ကြောင်း ၎င်းက မြန်မာတိုင်း(မ်) ကို ပြောကြားသည်။
"၂၀၀၆ ခုနှစ်၊ ဇွန်လ မှာ လုပ်ငန်းရှင် ကုမ္ပဏီသုံးခုကို ပုဂ္ဂလိက ကျွန်း စိုက်ခင်း ၂,၁၁၅ ဧက စတည်ထောင်ခွင့်ပေးခဲ့ပါ တယ်။ ဒီနှစ် အောက်တိုဘာလကုန် အထိရောက်တော့ လုပ်ငန်းရှင်၊ ကုမ္ပဏီ ၈၉ ခုကို ပုဂ္ဂလိကကျွန်းစိုက်ခင်းဧက ၁၅၀,၀၀၀ အထိ တည်ထောင် ခွင့်ပြု ထားပြီးဖြစ်ပါတယ်"ဟု ၎င်းက ပြော သည်။
ပုဂ္ဂလိက ကျွန်းစိုက်ခင်းတည်ထောင် လိုသူ မြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံသားပိုင် ကုမ္ပဏီများအနေဖြင့်စိုက်ခင်းတည်ထောင်ရန်လိုအပ်သည့် ငွေကြေးပိုင်ဆိုင်မှု အထောက်အထားနှင့် လုပ်ငန်းဆောင်ရွက်မည့် ခိုင်မာ သော စီမံချက်တင်ပြနိုင်ပါက ပုဂ္ဂလိက ကျွန်းစိုက်ခင်းတည်ထောင်ခွင့်ပေးလျက် ရှိကြောင်း သိရသည်။
"ပုဂ္ဂလိက ကျွန်းစိုက်ခင်းတွေကို တရားဝင်တည်ထောင်ခွင့်ပေးတာက သစ်တော စိုက်ခင်းတွေကို ပုဂ္ဂလိကတွေ လက်ထဲ လွှဲပြောင်း လုပ်ပိုင်ခွင့်ပေးတာ မဟုတ်ပါဘူး။ မြန်မာ့သစ်တောမူဝါဒနဲ့ အညီ သစ်တောသယံဇာတ ထိန်းသိမ်း ရေးနဲ့ သစ်တောကဏ္ဍဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုအပိုင်းတွေမှာ ပုဂ္ဂလိကတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖွံ့ဖြိုးဖို့ သစ်တော ရေးရာဝန်ကြီးဌာန စီမံခန့်ခွဲ ပိုင်ခွင့် ရှိတဲ့ မြေပေါ်မှာသာ စိုက်ခင်း တည်ထောင်ဖို့ မြေငှားရမ်းခွင့်ပြုပေး တာပါ"ဟု ၎င်းကပြောကြားသည်။
ပုဂ္ဂလိက ကျွန်းစိုက်ခင်းများတိုးချဲ့ တည်ထောင်နိုင်ခြင်းဖြင့်နိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှုပမာဏတိုးပွားလာခြင်း၊ သစ်တောမူဝါဒ ပါ လုပ်ငန်းစဉ် များနှင့်အညီ ပုဂ္ဂလိကများ၊ ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် သစ်တော ပြုစုထိန်း သိမ်းကာကွယ်ရေးလုပ်ငန်းများ ပိုမို ထိရောက် လာခြင်း၊ သဘာဝပတ်ဝန်း ကျင်များ ပိုမိုတိုးတက် ကောင်းမွန်လာ မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိမည့် အပြင် ကျွန်းစိုက်ခင်း တည်ထောင်သူ လုပ်ငန်းရှင်များအနေ ဖြင့်လည်း ရေတို၊ ရေရှည်အကျိုးအမြတ်များရရှိမည်ဖြစ်ကြောင်းလည်း သစ်တောရေးရာကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။
"ပုဂ္ဂလိကကျွန်းစိုက်ခင်းတည်ထောင် သူတွေအနေနဲ့ စိုက်ခင်းတွေကို ခုတ်လှဲ ရမယ့် သတ်မှတ်သက်တမ်းမရောက်ခင် မှာ ပင်ကျပ် နုတ်တာက ထွက်ရှိမယ့် မျော၊ တိုင်တွေ ထုခွဲရောင်းချတာက ကြားဖြတ်ဝင်ငွေရနိုင်တယ်။ သက်တမ်း ပြည့်မီလို့ ခုတ်လှဲရရှိတဲ့သစ် တွေကို နိုင်ငံတော်ကိုသတ်မှတ်ထားတဲ့ အခွန် ဆောင်ပြီး ပြည်တွင်း၊ ပြည်ပကို ရောင်းချခွင့်ရရှိမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြား သည်။
ထို့ပြင် သစ်တောဦးစီးဌာနအနေဖြင့် ပုဂ္ဂလိက ကျွန်းစိုက်ခင်းတည်ထောင် လုပ်ကိုင်သည့် လုပ်ငန်းရှင်များအား စိုက်ခင်းပြုစုထိန်း သိမ်းခြင်းဆိုင်ရာ နည်း ပညာပေးခြင်း၊ လိုအပ်သည့်အကြံဉာဏ် များပေးခြင်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

Artikel Terkait:

0 comments:

Post a Comment