အတွဲ ၂၅ ၊ အမှတ် ၄၉၇ ၊ ၁၇-၁၂-၂၀၁၀ ကိုကိုကြီးနှင့် နေလင်းအောင်
မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း က နေပြည်တော်တွင် ဆောက်လုပ်လျက်ရှိသော လွှတ်တော်အဆောက် အအုံအတွက် လိုအပ်သော ကျွန်းသစ် တန်ချိန်ပေါင်း ၃,၃၀၀ ကျော်ကို ပံ့ပိုးခဲ့ကြောင်း အသင်းဥက္ကဋ္ဌ ဦးစိန်လွင်က ပြောကြားသည်။"သစ်တောရေးရာ ၀န်ကြီးဌာနရဲ့ တာဝန်ပေးချက်အရ သစ်လုပ်ငန်းရှင် အသင်းဝင်တွေရဲ့ သစ်အခြေခံစက်ရုံ ၃၃ ရုံက ခြောက်လ အတွင်း လွှတ်တော်အဆောက်အအုံအတွက် တံခါးတွေ၊ ပြတင်းပေါက်တွေတပ်ဆင်ဖို့ ကျွန်းသစ် ခွဲသားတန်ပေါင်း ၃,၃၀၀ ကျော်ကို လွှတ်တော်အဆောက်အအုံ ဆောက်လုပ်တဲ့နေရာမှာ ပူးပေါင်းပါဝင်ခဲ့တယ်" ဟု ဥက္ကဋ္ဌက ပြောသည်။
"လွှတ်တော်ဆောက်လုပ်ရာမှာ ပါဝင်တဲ့ သစ်လုပ်ငန်းရှင်တွေအနေနဲ့ သစ်ခွဲသားတွေ ထောက်ပံ့ပေးတဲ့အတွက် သစ်လုံးတွေ ပြန်ရ တယ်"ဟုလည်း ဦးစိန်လွင်က ပြောသည်။
ထို့ပြင် နေပြည်တော်တွင် ဒုတိယ ညွှန်ချုပ်နှင့် အောက်ပိုင်းဝန်ထမ်းများအတွက် ပုပ္ဗသီရိမြို့တွင် ဆောက်လုပ်သော အိမ်ရာစီမံကိန်း အတွက်လည်း လိုအပ်သည့် သစ်တန်ပေါင်း ၁၀,၀၀၀ ကျော်ကိုလည်း လုပ်ငန်းလိုအပ်ချက်နှင့်အညီ သစ်တောရေးရာဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းကို ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
Artikel Terkait:




0 comments:
Post a Comment