အတွဲ ၂၅ ၊ အမှတ် ၄၉၇ ၊ ၁၇-၁၂-၂၀၁၀ ဖြိုးဝေကျော်နှင့် ၀င်းကိုကိုလတ်
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်း ၀ယ်ရေးလုပ်ငန်းမှ ပြည်တွင်းပုလဲ ရောင်းချပွဲကို ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့မှ ၁၃ ရက် နေ့အထိ နေပြည်တော်ရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက်တွင် သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ရောင်းချပွဲသို့ နိုင်ငံသားမည်သူမဆို တက်ရောက် ၀ယ်ယူနိုင်မည်ဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် တင်ဒါစနစ်၊ ဈေးပြိုင် စနစ်တို့ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။ တင်ဒါတွဲများကို Electronic Card Reader စက်ကိုသုံး၍ တင်ဒါအမှတ်အလိုက် ဖွင့်ဖောက်ကြေညာသွား မည်ဖြစ်သည်။
ရောင်းချပွဲအစီအစဉ်တွင် ဇန်န၀ါရီလ ၁၁ ရက်နေ့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပုလဲတွဲများ ပြသကြည့်ရှုခြင်း၊ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့ တွင် တင်ဒါအမှတ်များ ပိတ်သိမ်းခြင်း နှင့် ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော နိုဝင်ဘာ ၁၇ ရက်မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သော နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် တင်ဒါစနစ်ဖြင့် ရောင်းချသော ပုလဲအတွဲပေါင်း ၂၄၀ ကျော်နှင့် ဈေးပြိုင် စနစ်ဖြင့် ရောင်းချသော ပုလဲအတွဲပေါင်း ၃၀ ပါဝင်ခဲ့ပြီး ၎င်းတို့မှ ၉၀ ရာခိုင်နှုန်းခန့် ရောင်းချနိုင်ခဲ့သည်။
၎င်းတွင် တင်ပြလာသော ပုလဲများ မှာ ဈေးနှုန်းသင့်တင့်သည့်အတွက် ပုလဲကုန်သည်များ ကြိုက်ကြကြောင်း၊ ဌာနပိုင်ပုလဲများမှာ လက်ကျန်မရှိသလောက်ဖြစ်သွားကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း ပုလဲကျွန်းမှ ပုလဲသစ်များ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် လက် ကျန်ပုလဲများကို အတွဲပြန်လည်ဖွဲ့စည်းပြီး ကောင်းသောပုလဲများကို ပုလဲအသစ်များနှင့်အတူ လာမည့်ပြပွဲတွင်ရောင်းချသွားရန် စီစဉ်နေကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ယခုလ ပထမပတ်၌ ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် ကျောက်မျက်ရတနာပြပွဲ သို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် ပေါင်း ၆,၇၀၀ ကျော် လာရောက်ခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၇,၇၀၀ ကျော် ရောင်းချခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါပွဲတွင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံဖိုး ရောင်းချ ခဲ့ရသည်ဟု သိရသည်။
Artikel Terkait:




0 comments:
Post a Comment