Saturday, December 18, 2010

သမ၀ါယမ ဘဏ်ခွဲငါးခု ထပ်မံဖွင့်မည်

အတွဲ ၂၅ ၊ အမှတ် ၄၉၇ ၊ ၁၇-၁၂-၂၀၁၀ ရဲလင်းထွဋ်


သမ၀ါယမဘဏ် (စီဘီဘဏ်) ခွဲ ငါးခုကို လာမည့်နှစ်အတွင်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"စီဘီဘဏ်ကို ၁၉၉၂ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တာ ခုဆို ဘဏ်ခွဲ ၂၀ ဖွင့်လှစ် ပြီးပါပြီ။ နောက်ထပ် ဘဏ်ခွဲငါးခုကို လာမည့်နှစ်ထဲမှာ ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ ဗဟိုဘဏ်က စစ်ဆေးပြီးလို့ ခွင့်ပြုချက်ရတာနဲ့ နောက်နှစ် ဇန်န၀ါရီလထဲမှာ ဟင်္သတဘဏ်ခွဲနဲ့ တာချီ လိတ်ဘဏ်ခွဲတွေကို ဖွင့်လှစ်သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်"ဟု ၎င်းက ပြောသည်။
ဟင်္သတဘဏ်ခွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဖွင့်ခဲ့ပြီး ဒီဇင်ဘာလ တွင် ကျိုင်းတုံ ဘဏ်ခွဲကိုလည်း ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း၊ ရန်ကုန်မြို့တွင်းရှိ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ ဘဏ်ခွဲများကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။
"ဘဏ်လုပ်ငန်းစဉ်အသစ်တွေအတွက်က ဘဏ်များကြီးကြပ်ရေး ကော်မတီဆိုတာရှိတယ်။ သူ့အောက်မှာ ဗဟိုဘဏ်ရှိတယ်။ သူကခွင့်ပြုမှသာ လုပ်ဆောင်နိုင်မှာဖြစ်တယ်။ အွန်လိုင်းစနစ်နဲ့ ATM'D စက်တွေ သုံးနိုင်ဖို့အတွက်က မြန်မာနိုင်ငံက ဘဏ် လုပ်ငန်း တွေဟာ နိုင်ငံတကာ ဘဏ်လုပ်ငန်းစနစ် ဖြစ်ရမယ်"ဟု ၎င်းက ပြောသည်။
ပုဂ္ဂကပိုင်ဘဏ်များအနေဖြင့် အစိုးရသစ် ပေါ်ပေါက်လာပါက ဘဏ်လုပ်ငန်းဆိုင်ရာ မူဝါဒသစ်များ ပြောင်းလဲပေါ် ပေါက်လာနိုင် သည့်အတွက် နည်းပညာသစ်များဖြင့် လုပ်ငန်းအရှိန်အဟုန်များ တိုးမြှင့်လုပ်ဆောင်သွားရန် ပြည်တွင်း ပြည်ပမှ နည်းပညာကုမ္ပဏီ များ၏ ကုန်ပစ္စည်းနှင့် နည်းပညာ မိတ်ဆက်၊ ဆွေးနွေးပွဲများကို လေ့လာမှု တစ်ရပ်အနေဖြင့် သတင်းအချက်အလက် စုဆောင်း ထားသည့်အဆင့်သာ ရှိသေးသည်ဟု ဆိုသည်။

Artikel Terkait:

0 comments:

Post a Comment