Saturday, December 18, 2010

တရုတ်အစိုးရက မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ထုတ်ချေး

အတွဲ ၂၅ ၊ အမှတ် ၄၉၇ ၊ ၁၇-၁၂-၂၀၁၀ ဂျူးလိယက်


တရုတ်နိုင်ငံက မြန်မာနိုင်ငံအား အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ချေးငွေထုတ်ချေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၌ နှစ်နိုင်ငံတာဝန်ရှိသူများက ချုပ်ဆိုခဲ့သည်။
ယင်းသဘောတူညီချက်ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် China Development Bank Corporation (CDBC) တို့အကြား ပြုလုပ်ခဲ့ပြီး ချေးငွေကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည် ယူနန်ပြည်နယ်သို့ သွယ်တန်းထားမည့် တရုတ်-မြန်မာ ဓာတ် ငွေ့ပိုက်လိုင်းအတွက် မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံရန် အဓိက အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကောင်စစ်ဝန် ဦးရွှေမြစ် က ပြောသည်။
"ချေးငွေက မြန်မာ၊ တရုတ်၊ ကိုရီးယားနဲ့ အိန္ဒိယ လေးနိုင်ငံပါဝင်တဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအနက် မြန်မာပြည်အတွက် ရင်းနှီးငွေအဖြစ် ပေးတာပါ။ ရင်းနှီးငွေ အပြည့်အ၀ပေးနိုင်ရင် စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာပါ" ဟု ၎င်းက ပြောသည်။
အဆိုပါစီမံကိန်းတွင် မြန်မာနိုင်ငံမှ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှယ်ယာပါဝင်ကြောင်း သိရသည်။
ဦးရွှေမြစ်က ချေးငွေနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကိုမူ ပြောကြားခြင်းမရှိသော်လည်း ယင်းဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်းအပြင် အခြားကဏ္ဍများအတွက်ပါ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။
ဓာတ်ငွေ့စီမံကိန်းမှ မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ယင်းပိုက်လိုင်းပြီးစီးပါက တရုတ်နိုင်ငံ ယူနန် ပြည်နယ်၏ စွမ်းအင်လိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
"မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို ယူနန် ပြည်နယ်ရဲ့ စက်မှုလုပ်ငန်းအပြင် ဒေသတွင်း လိုအပ်ချက်အတွက်ပါ အသုံးပြုသွားမှာပါ။ စီမံကိန်းအောင်မြင်ရင် နှစ်ဦးနှစ်ဖက်အတွက် အများကြီး အကျိုးရှိပါတယ်"ဟု ဦးရွှေမြစ်က ပြောသည်။
"တရုတ်ပြည်က နှစ် ၃၀ လောက်အတွင်းမှာ အများကြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ကိုယ့်နိုင်ငံ တိုးတက်ပြီး အိမ်နီးချင်းနိုင်ငံ ကိုလည်း တိုးတက်စေချင်ပါတယ်။ အထူးသဖြင့် မိတ်ဟောင်းဆွေဟောင်း မြန်မာနိုင်ငံကို ပိုမိုတိုး တက်စေချင်ပါတယ်"ဟု ၎င်းက လာမည့်နှစ်များ အတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့အတွင်း အထင်အရှား တွေ့မြင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
လာမည့်နှစ်များအတွင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ များလာရာ ယင်းအခြေအနေမှာ တရုတ်နှင့် မြန်မာ အပြန်အလှန် စေတနာရှိရှိ ပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍကို ဖော်ပြနေကြောင်း၊ အသစ် ပေါ်ပေါက်လာသော ရန်ကုန်မြို့အတွင်းရှိ စူပါ မားကက်များနှင့် ၀ယ်ယူသူများပြားခြင်းမှာ ဖွံ့ဖြိုးမှု၏လက္ခဏာတစ်ခုဖြစ်ကြောင်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် အခြေအနေကောင်းများကို မြင်တွေ့ရသည့်အတွက် ၀မ်းမြောက်ကြောင်း ၎င်းက ပြောသည်။
မြန်မာနှင့် တရုတ်အကြား ချေးငွေနှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် သဘောတူ စာချုပ် ချုပ်ဆိုပြီးနောက် နှစ်နိုင်ငံ ဘဏ်အချင်း ချင်း ဆက်သွယ်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
"တရုတ်-မြန်မာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ပြီး စာချုပ်ချုပ်ဆိုကြတဲ့အပြင် သံရုံးအနေနဲ့လည်း တရုတ်နိုင်ငံက ကုမ္ပဏီတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းလေ့ရှိပါတယ်"ဟု ဦးရွှေမြစ်က ပြောသည်။
စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ မောင်အောင်က ချေးငွေအား အခြေခံ အဆောက်အအုံ ရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ထိရောက်စွာအသုံးပြုသွားမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် လွန်စွာအကျိုးရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးရေး အတွက် တရားဝင်ရရှိပြီး ထောက်ပံ့ကြေးများတွင် တခြားသောနိုင်ငံများနှင့်ယှဉ်လျှင် အားနည်းသည့်အခြေအနေနှင့် ဆက်စပ်ပြော ကြားသည်။
"အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကျိုးရှိရှိ အသုံးပြုမယ်ဆိုရင် အရမ်းအကျိုးရှိပါတယ်"ဟု ဒေါက်တာ မောင်အောင်က လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကလက်တွဲဖော်အဖြစ်ရှိနေသည့် အနေအထားကို သုံးသပ် ပြောကြားသည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေသန်းပေါင်း တစ်ဘီလျံကျော်ကို မုတ္တမကွေ့ရှိ ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းနှစ်ခုမှ ထုတ်လျက်ရှိသည်။
မြန်မာနိုင်ငံသည်အာရှ-ပစိဖိတ်ဒေသအတွင်း သဘာဝဓာတ်ငွေ့အများဆုံးထုတ်လုပ်နိုင်သည့် နိုင်ငံများတွင် တစ်ခုအပါအ၀င်
ဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ၁၁ နိုင်ငံမြောက် အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သည့် ပီတီတီအီးပီ ထိုင်းကုမ္ပဏီက ရတနာနှင့် ရဲတံခွန်တို့မှ တစ်ရက်လျှင် ကုဗပေ တစ်ဘီလျံကျော်ခန့် ၀ယ်ယူလျက်ရှိသည်။
သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ တင်ပို့မှုမှ နှစ်စဉ် ဒေါ်လာ နှစ် ဘီလျံကျော် ၀င်ငွေရရှိလျက်ရှိပြီး ၂၀၁၃ တွင် စတင်မည့် ရွှေနှင့်
ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းပြီးစီးပါက ဓာတ်ငွေ့ထုတ်လွှတ်မူမှာ တစ်နေ့ ကုဗပေ ၁၊ဒသမ၊၅ ဘီလျံခန့် ရှိနိုင်သည

Artikel Terkait:

0 comments:

Post a Comment