
၂၀၁၀ ပြည့်နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်၊ လျှော့ပေါ့သက်သာခွင့်ပြုခဲ့သည့် ပစ္စည်းအမျိုးအစားများထဲတွင် ပြည်ပမှတင်သွင်းသော ဓာတ်ဆီနှင့်ဒီဇယ်များ၏ အခွန်လျှော့ပေါ့သက်သာခွင့်သည် ၂၀၁၁ ခုနှစ် ဇွန်လအထိ အကျိုး သက်ရောက်မှုရှိနေသော်လည်း စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်ဆီကို တိုက်ရိုက်ဝယ်ယူ ရောင်းချမှုအပေါ် အခွန်လျှော့ပေါ့ သက်သာခွင့်ကာလမှာမူ ကုန်ဆုံးနေပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများ အရ သိရသည်။
ယင်းသို့ အခွန်ကင်းလွတ်ခွင့်၊ လျှော့ပေါ့သက်သာခွင့်ပြုခဲ့သည့် အမိန့်ကြော်ငြာစာများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြော်ငြာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားငွေဖြင့် ကျသင့်သည့် သွင်းကုန်ခွန် (အကောက်ခွန်) များ စည်းကြပ်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်သည့် ပစ္စည်းထဲတွင် ရေအားလျှပ်စစ်စီမံကိန်းများတွင် အသုံးပြုရန် တင်သွင်းလာသည့် စက်ယန္တရား များပါဝင်ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မှုအား လျှော့ပေါ့သက်သာခွင့်ပြုထားသည့် ပစ္စည်းများထဲတွင် ဓာတ်ဆီ၊ ကွန်ပျူတာနှင့် ယင်းတို့၏ အရန်နှင့်အပိုပစ္စည်းများ၊ အိမ်သုံးဆေးဝါးနှင့် အခြားလူသုံးဆေးဝါး အမျိုးမျိုးများ၊ ဓာတ်မြေသြဇာများ၊ တိရစ္ဆာန် ဆေးဝါးအမျိုးမျိုး၊ ပြည်တွင်းဖြစ် အရက်အမျိုးမျိုးနှင့် စီးကရက်အမျိုးမျိုး ပါဝင်ကြောင်း သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၁၀ ပြည့်နှစ် ဇွန်လ ၂၈ ရက် နေ့တွင် ထုတ်ပြန်ကြော်ငြာခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၁၂၁/၂၀၁၀ တွင်ပါရှိသည်မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ပြည်ပမှ တင်သွင်းသော ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၏နောက်ဆက်တွဲဇယား (၆)၊ အမှတ်စဉ်(၃) နှင့် (၄)တွင်ဖော်ပြပါ ရှိသော ဓာတ်ဆီနှင့်ဒီဇယ်ဆီများ အပေါ် ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ကောက်ခံနေသည့် တည်ဆဲကုန်သွယ် လုပ်ငန်းခွန် ဥပဒေပါနှုန်းအစား ယင်းနှုန်း၏ ၁၀ရာခိုင်နှုန်းအထိသာ အခွန်ကျသင့်စေရန် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က) အရ လျှော့ပေါ့သက်သာခွင့် ပြုလိုက်ကြောင်း ဤအမိန့်ကြော်ငြာစာသည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် နိုင်ငံခြားငွေနှင့် စည်းကြပ်ကောက်ခံရေးအတွက် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများ နှင့် သက်ဆိုင်ခြင်းမရှိစေရကြောင်း သိရသည်။ ဤအမိန့်ကြော်ငြာစာ သည် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့မှစ၍ တစ်နှစ်အထိ အကျိုးသက်ရောက်စေရမည် ဖြစ်သောကြောင့် ပြည်ပမှတင်သွင်းသော ဓာတ်ဆီ၊ ဒီဇယ်များအပေါ် အခွန်လျှော့ပေါ့သက်သာခွင့်ပြုခြင်းသည် ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့မှစ၍ တစ်နှစ်အထိ အကျိုး သက်ရောက်စေရမည် ဖြစ်သောကြောင့် ပြည်ပမှတင်သွင်းသော ဓာတ်ဆီ၊ ဒီဇယ်များအပေါ် အခွန်လျှော့ပေါ့ သက်သာခွင့်ပြုခြင်းသည် ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း .... |
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနက ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့် ကြော်ငြာစာအမှတ် ၁၁၆/၂၀၁၀ တွင် ပါရှိသည်မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသော ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ၏ နောက်ဆက်တွဲဇယား(၂)၊ အမှတ်စဉ်(၅)တွင် ဖော်ပြပါရှိသော အိမ်သုံးဆေးဝါးနှင့် အခြားလူသုံးဆေးဝါးအမျိုးမျိုး၊ ဇယား ၂၊ အမှတ်စဉ် ၂၇ တွင် ဖော်ပြပါရှိသော ဓာတ်မြေသြဇာများ၊ ဇယား ၅၊ အမှတ်စဉ် ၅၅ တွင် ဖော်ပြပါရှိသော ကွန်ပျူတာနှင့်ယင်းတို့ ၏ အရန်နှင့်အပိုပစ္စည်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ကောက်ခံနေသည့် တည်ဆဲကုန်သွယ်လုပ်ငန်းခွန် ဥပဒေပါနှုန်းများအစား ယင်းနှုန်းများ၏ ၁၀ ရာခိုင်နှုန်းအထိသာ အခွန်ကျသင့်စေရန် လည်းကောင်း၊ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသော တိရစ္ဆာန် ဆေးဝါးအမျိုးမျိုးအပေါ် တည်ဆဲကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ဇယား ၄၊ အမှတ်စဉ် ၈၈ အရ ကျသင့်အခွန် နှုန်းအစားယင်းနှုန်း၏ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိသာ အခွန်ကျသင့်စေရန်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က) အရ လျှော့ပေါ့သက်သာခွင့် ပြုလိုက်ကြောင်း၊ ဤအမိန့်ကြော်ငြာစာပါ ကုန်စည်ထုတ်လုပ် ရောင်းချမှုလုပ်ငန်းများ အနေဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၁.၁၀.၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄၃/၉၉ နှင့် ယင်းအမိန့်ကြော်ငြာစာကို သက်တမ်းတိုးသည့် အမိန့်ကြော် ငြာစာများအရ သက်သာခွင့်ကိုခံစား ခွင့်မရှိစေရကြောင်း ဤအမိန့်ကြော်ငြာစာသည် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့မှစ၍ တစ်နှစ်အထိ အကျိုးသက်ရောက် စေရမည်ဖြစ်သောကြောင့် ဤအမိန့်ကြော်ငြာစာပါ ပစ္စည်းများအတွက် အခွန်လျှော့ပေါ့ သက်သာခွင့်သည် ၂၀၁၁ ဇွန်လ ၁၅ ရက်နေ့အထိ ရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၂၀၁၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁၁၁/၂၀၁၀ တွင် ဖော်ပြပါရှိသည်မှာ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာနသည် ပြည်တွင်း၌ထုတ်လုပ်၍ ပြည်တွင်း၌ ရောင်းချသည့် အရက်အမျိုးမျိုးနှင့် စီးကရက်အမျိုးမျိုးကို ပြည်ပမှတင်သွင်းသည့် ကုန်စည်များနှင့်ယှဉ်ပြိုင် ရောင်းချနိုင်ရေး အားပေးသည့်အနေဖြင့် ပြည်တွင်းဖြစ် ရမ်၊ ပြည်တွင်းဖြစ် ဘရန်ဒီ၊ ပြည်တွင်းဖြစ် မော့ ၀ီစကီ၊ ပြည်တွင်းဖြစ် အခြားဝီစကီ၊ ပြည်တွင်းဖြစ် ဂျင်၊ ပြည်တွင်းဖြစ် စီးကရက် စသည့် ကုန်စည်များထုတ်လုပ်ပြီး ပြည်တွင်း၌ရောင်းချရငွေ အပေါ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ နောက်ဆက်တွဲဇယား ၆ ပါ အခွန် နှုန်းများဖြင့် အခွန်ကျသင့်မည့်အစား ၅၀ ရာခိုင်နှုန်းဖြင့်သာ အခွန်ကျသင့်စေရန် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က) အရ သက်သာခွင့် ပြုလိုက်ကြောင်း၊ ဤအမိန့်ကြော်ငြာစာသည် ၁.၆.၂၀၁၀ ရက်နေ့မှစ၍ အကျိုးသက်ရောက် စေရမည်ဖြစ်ကြောင်း အကျိုးသက်ရောက်မှု ကုန်ဆုံးသည့်ကာလ သတ်မှတ်ထားခြင်းမရှိကြောင်း၊ ထို့ကြောင့် ဤအမိန့်ကြော်ငြာစာပါ အရက်နှင့် စီးကရက်အမျိုးအစားများ အတွက် အခွန်သက်သာခွင့်သည် ဆက်လက် တည်မြဲနေဆဲဖြစ်ကြောင်း သိရသည်။
ထို့အတူ အခွန်ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်သည့် အမိန့်ကြော်ငြာစာလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းအမိန့်ကြော်ငြာစာကို အမိန့်ကြော်ငြာစာ အမှတ်၁၁၃/၂၀၁၀ ဖြင့် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြော်ငြာခဲ့ပြီး ယင်းအမိန့်ကြော်ငြာစာတွင် ပါဝင်သည်မှာ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၏နောက်ဆက်တွဲ ဇယား ၆၊ အမှတ်စဉ် ၁ တွင် ဖော်ပြပါရှိသည့် စီးကရက်အပေါ် ကျသင့်သည့်အခွန်ရာခိုင်နှုန်း ၇၅ အစား အခွန်ရာခိုင်နှုန်း ၁၀၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း၊ ဤအမိန့်ကြော်ငြာစာသည် ၁.၆.၂၀၁၀ ရက်နေ့မှစ၍ အကျိုးသက်ရောက်စေရမည် ဖြစ်ကြောင်း သိရသည်။
Artikel Terkait:




0 comments:
Post a Comment