တရုတ် - မြန်မာနယ်စပ် အဓိကကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် မူစယ် - မန္တလေးလမ်းတွင် ယာဉ်ပေါ်ပါ ကုန်အ လေးချိန်များ သတ်မှတ်လိုက်ပြီး နောက်ပိုင်း မူစယ် - မန္တလေးလမ်း အတက်အဆင်းပေါ် မူတည်၍ ကုန်တင်ခဈေးနှုန်းများ ၂ ဆမှ ၃ဆ ၀န်းကျင်ခန့် တက်လာကြောင်း သိရသည်။
ဒီဇင်ဘာလ ၈ ရက်နေ့မှ စ၍ ယာဉ်ပေါ်တင်ရမည့် ကုန်အလေးချိန်များကို ယာဉ်အကြီးအသေးအလိုက် သတ်မှတ် လိုက်ကြောင်း မူစယ်- မန္တလေးကုန်ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကားပေါ်တင်ရမဲ့ ကုန်အလေးချိန်ကတ္တားတွေ သတ်မှတ်ချက်ထွက်လာတယ်လေ ၈ ရက် ၁၂ လကနေစပြီး ထွက်တာ ၁၂ ဘီး ကားဆိုရင် ကုန်ရောကားရောအပါ တန် ၃၀ ပေါ့ ၁၀ဘီးကားဆိုရင် ၂၅ တန်ပေါ့ ၆ ဘီးကား ဆိုရင် တန် ၂၀ပေါ့ အဲဒီ အ လေးချိန်သတ်မှတ်ချက်အတိုင်းတင်ခိုင်းတာ ” ဟု ကားသမားတစ်ဦးက ပြောသည်။
ထိုသို့ သတ်မှတ်ပြီးနောက် ကုန်တင်ခများမှာ ယခင် မူစယ်မှမန္တလေး တစ်ပိဿာ ကျပ် ၆၀ ရှိရာမှ ယခုကျပ် ၁၀၀ ၀န်း ကျင်နှင့် ယခင် မန္တလေးမှ မူစယ် တစ်ပိဿာ ၂၅ ကျပ် မှ ယခု ကျပ် ၇၀ ၀န်းကျင်အထိ တက်လာ ကြောင်း သိရသည်။
“လောလောဆယ်တော့ ကုန်ဈေးနူန်းတက်တာပေါ့ဗျာ ကားခက ဒီကနေအဆင်းဆိုရင် အရင်တစ်ပိဿာ ၆၀ ကနေ ၁၀၀ လောက်ဖြစ်သွားတာပေါ့ ဟိုဘက်အတက်ကတော့ အရင်တုန်းက တစ်ပိဿာ ၂၅ လောက်ပဲရှိတယ် အခု ၇၀ လောက် ဖြစ်သွားတာပေါ့ ” ဟု ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ ဒေသခံကုန်သည်တစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း ယာဉ်တန်ပိုတင်မှုအပေါ် ပထမအကြိမ် ကန့်သတ်မှု ပြုလုပ်ခဲ့ရာ အရေးယူမှု မရှိသေးကြောင်း ယခုတစ် ခေါက် သတ်မှတ်ချက်ကို မလိုက်နာပါက အရေးယူခံရမည်ဖြစ်ကြောင်း စောစောက ယာဉ်မောင်းက ပြောသည်။
“အရင်တစ်ခေါက် သတ်မှတ်တာက အရေးမယူဘူး ၀မ်နိမ်ပေးရုံပဲပေါ့ အမှတ်တွေခြစ်တာပေါ့နော် တစ်ခြစ် နှစ်ခြစ် သုံးခြစ် ပေါ့ အခုကတော့ အရေးယူမယ် လာရင်လည်း လုံးဝကို မပေးဖြတ်တော့ဘူး ” ဟု သူက ဆိုသည်။
ယာဉ်တင်ခ ဈေးနူန်းများတက်လာခြင်းသည် ကုန်ဈေးနူန်းတက်လာစေနိုင်ပြီး ကုန်သည်နှင့်ကားသမားများထက် စားသုံးသူ ကိုသာ ထိခိုက်စေမည် ဖြစ်ကြောင်း ကုန်သည်က ဆိုသည်။
“ကုန်သည်တွေကတော့ ဈေးတက်ရင်လိုက်တက်လိုက်ရုံပဲပေါ့ လောလောဆယ်အခိုက်အတန့်လေးမှာ နဲနဲလေး ရပ်သွား တာ ပဲရှိမယ် ကားသမားတွေလည်း သိပ်ပြဿနာမရှိဘူးပေါ့နော် နောက်ဆုံးတော့စားသုံးသူပဲခံရမှာပေါ့ ” ဟု ဆိုသည်။
တရုတ် - မြန်မာ နယ်စပ် မူစယ် - မန္တလေး ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် တရုတ်ဘက်မှ လျှပ်စစ်ပစ္စည်း မျိုးစုံ၊ ယာဉ်အပိုပစ္စည်းများ၊ လူသုံးအိမ်သုံးကုန်ပစ္စည်းမျိုးစုံ၊ ဆောက်လုပ်ရေးပစ္စည်း၊ ဓါတ်မြေသြဇာများ မြန်မာဘက်သို့ တင်သွင်းပြီး မြန်မာဘက်မှ ရာသီပေါ်သီးနှံများ၊ လယ်ယာထွက်ကုန် နှင့် ရေထွက်ကုန်များ တင်ပို့ကြောင်း သိရသည်။

Artikel Terkait:

0 comments:
Post a Comment