ယခု လာရောက် တွေ့ဆုံသည့် ဘင်္ဂလား ဒေ့ရှ် စီးပွားရေး လုပ်ငန်းရှင် ပေါင်း ၃၁ ဦး ရှိသည့် အနက် အများ စုမှာ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း မှ ဖြစ်သည်။ မြန်မာ နိုင်ငံသို့ ဆေးဝါး များ တင်သွင်း ဖြန့်ဖြူး ရောင်းချနိုင်ရန် ဈေးကွက် ရှာဖွေရန် လာရောက်ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
“၂၀၁၅ ခုနှစ်မှာ AFTA ဖြစ်လာ တဲ့အခါ မြန်မာနိုင်ငံ ကနေ ပို့ကုန်ပို့ တယ် ဆိုရင် အခွန် ကင်းလွတ် ခွင့် သက်သာမှာ ဖြစ်တဲ့ အတွက် သူတို့ အနေနဲ့ ပရိဘောဂ လုပ်ငန်းမှာ ရင်း နှီး မြှုပ်နှံ လိုတာဖြစ်ပါတယ်။ မြန်မာ့ ပရိဘောဂ လုပ်ငန်း တွေလည်း ဒါကို သတိထား ဖို့လိုပါတယ်” ဟု UMFCCI မှ တာဝန်ရှိ သူ တစ်ဦးကပြော သည်။ မြန်မာ – ဘင်္ဂလားဒေ့ရှ် စီးပွား ရေး တွေ့ဆုံ ပွဲတွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး နှင့် သက်ဆိုင်သော အ ကြောင်း အရာများ ကို ဆွေးနွေး ခဲ့ ကြောင်း သိရသည်။ ၂၀၁၀ – ၂၀၁၁ ဘဏ္ဍာရေး နှစ် ဧပြီမှ ဒီဇင်ဘာ ၇ ရက် အထိ စာရင်း ဇယား များ အရ မြန်မာ – ဘင်္ဂလား ဒေ့ရှ် အပြန် အလှန် ကုန် သွယ်မှု ပမာဏ သည် ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၀၉ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၇ ဒသမ ၇၂ သန်း တန်ဖိုး ရှိ ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနက တရား ၀င် ထုတ်ပြန် ထားသည်။
ခင်နွယ်ဝင်း
Artikel Terkait:




0 comments:
Post a Comment