၂၀၁၂ ခုနှစ်မှ စတင် ကာမြန်မာ နိုင်ငံ ၌ ရေအား လျှပ်စစ် စီမံကိန်း ၂၀ ခု ထပ်မံ ပူးပေါင်း ဆောင်ရွက် ရန် အိန္ဒိယ နိုင်ငံက စီစဉ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ် အရ အိန္ဒိယ အစိုးရ ပိုင်စွမ်း အင်အဖွဲ့ NHPC သည် ၁၂,၄၆၆ မဂ္ဂါဝပ် လည်ပတ် နိုင် မည့် ရေအား လျှပ်စစ် စီမံကိန်း ၂၀ ခုကို ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ငါးနှစ်ကြာ စီမံကိန်း ဖြင့်တည် ဆောက်မည် ဖြစ်ကြောင်း၊ NHPC က မူလက ကြိုတင် ကြေညာ ခဲ့သည့် ရေအား လျှပ်စစ် စီမံကိန်း နှစ်ခုနှင့် တစ် ချိန်တည်း တည်ဆောက် မည်ဖြစ် ကြောင်း၊ အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ ဘီလျံ ကုန်ကျမည် ဟု မျှော် မှန်း ထားကြောင်း၊ အိန္ဒိယ နိုင်ငံ သည် စီးပွားရေး လုပ်ငန်းသုံး လျှပ်စစ် ဓာတ် အား ၃၇ မဂ္ဂါဝပ် ရှိသည့် အတွက် ပြည်တွင်း၌ စွမ်းအင် လုံလောက်စွာ အသုံးပြု နိုင်ရန် မြန်မာနိုင်ငံ တွင် ရင်းနှီး မြှုပ်နှံခြင်း ဖြစ်ကြောင်း၊ မူလ က အိန္ဒိယ နိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်း များကို ထိုင်းနိုင်ငံ နှင့် အများ ဆုံး ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဖြိုးမောင်မောင်

Artikel Terkait:

0 comments:
Post a Comment