မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ဟောင်းနွမ်း စုတ်ပြဲ နေသာ ငွေ အကြွေ များကို တန်ဖိုးတူ လဲလှယ် ပေးရာ ၌ မြို့ နယ် ကိုယ်စားလှယ်များ ထားရှိဆောင် ရွက်ခြင်း ကို ပြီးခဲ့ သည့် နိုဝင်ဘာ ၂၂ ရက်မှ စတင် ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက် အထိ တစ်လ အတွင်း ငွေစက္ကူအကြွေ ကျပ်သိန်း ၄၀၀ ကျော် လဲလှယ် ပေးပြီး ဖြစ်သည်။
ဟောင်းနွမ်း ငွေစက္ကူ လဲလှယ်ပေး ခြင်းကို အချို့ မြို့နယ် များမှ ပုဂ္ဂိုလ်များက ဆောင်ရွက် လိုမှု အပေါ် ဗဟိုဘဏ်က ခွင့်ပြု လုပ်ကိုင်ခွင့် ပေးခြင်း ဖြစ်ကြောင်း၊ လဲလှယ်သည့် အကြိမ်အရေ အတွက်အပေါ် မူတည်၍ ဘောနပ်စ် အဖြစ် ငွေအကြွေလဲ လှယ် ပေးကြောင်း မြန်မာနိုင်ငံ တော် ဗဟို ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိ ကိုယ်စားလှယ် ၁၄ ဦးရှိပြီး သာကေတ မြို့နယ်၌ ခုနစ်ဦး၊ လှိုင်မြို့နယ် ၌သုံးဦး၊ ရန်ကင်း မြို့နယ်၌တစ်ဦး၊ မင်္ဂလာ တောင်ညွန့် မြို့နယ်၌တစ်ဦး၊ ဗဟန်းမြို့ နယ်၌ နှစ်ဦးဖြစ်သည်။
လဲလှယ် ပေးသည့် ငွေ တန်ဖိုးများမှာ ကျပ် ၂၀၀ တန်၊ ကျပ် ၁၀၀ တန်၊ ကျပ် ၅၀ တန်၊ ကျပ် ၂၀ တန်၊ ၁၀ ကျပ်တန်နှင့် ငါးကျပ်တန် တို့ဖြစ်သည်။
ယခုလ အတွင်း ကိုယ်စားလှယ် များ က ဟောင်းနွမ်း ငွေစက္ကူ များ တန်ဖိုးတူ လဲလှယ် ပေးရာတွင် သာကေတ မြို့နယ် က အများဆုံး လဲလှယ် ပေးခဲ့ရပြီး တန်ဖိုး အားဖြင့် ကျပ်သိန်း ၃၅၀ ကျော် ရှိပြီဖြစ် သည် ဟု သာကေတ မြို့နယ် ကိုယ်စား လှယ်များ တာဝန်ခံ ကိုဇော်ဇော် ကပြော သည်။ ဟောင်းနွမ်း ငွေစက္ကူ များ တန် ဖိုးတူ လဲလှယ် မှုကို မြန်မာ့ စီးပွားရေး ဘဏ်ခွဲ များတွင်လည်း ဆောင်ရွက် ပေး လျက်ရှိပြီး တန်ဖိုး များပြားပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ် တွင် လာ ရောက် လဲလှယ် နိုင်ကြောင်း သိရ သည်။
ခင်နွယ်ဝင်း

Artikel Terkait:

0 comments:
Post a Comment