ဒီဇင်ဘာ ၁၂ ရက်က နမ့်ခမ်းမြို့နယ် ရဲစခန်းမှူး ကိုယ်တိုင် အဆိုပါကျေးရွာမှ မြေအသိမ်းခံရမည့် ရွာသားများ ထံ လာရောက် ပြောကြားခြင်း ဖြစ်ကြောင်း မန့်မိုင်ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မနေ့က နမ့်ခမ်းမြို့နယ်ရဲမှူး ဦးလှဝင်းလွတ်လိုက်တာ ရဲစခန်းမှူး ကိုယ်တိုင် လာပြောတယ် မြေသိမ်းမယ်ပေါ့ ခြံထဲမှာရှိတဲ့ ထင်းတွေကို ဒီလ ၁၅ ရက်နောက်ဆုံးအပြီးခုတ်ယူပါ လျော်ကြေးကိစ္စတော့တစ်ခွန်းမှ မပြောဘူး သူတို့ ပေးရင် ပေးသ လောက် ယူရမှာပဲ မပေးရင်လည်း ဆုံးပြီပေါ့ ” ဟု အဆိုပါ ရွာသားက ပြောသည်။
သိမ်းယူခံရမည့် မြေများမှာ ၀င်းကန်ရွာသား သျှမ်း ၂ ဦးနှင့်မန့်မိုင်ရွာသား ပလောင် ၁၀ ဦးတို့၏ ထင်းခြံများဖြစ်ပြီး အကျယ် အ၀န်း ဧက ၇၀ ကျော်ခန့်ရှိကြောင်း အဆိုပါမြေများအား နအဖစစ်တပ်ကျောထောက်နောက်ခံ ပြုထား သည့် ပန်းဆေးရွာ ပြည်သူ့စစ်အဖွဲ့ထံ လွဲပေးမည်ဖြစ်ကြောင်း သိရသည်။
“တခြားသီးနှံတွေ စိုက်ပျိုးထားတာတော့ မရှိဘူးပေါ့ ဒါပေမဲ့ ခြံခတ်ပြီး ခြံအဖြစ်သတ်မှတ်ထားတဲ့ မြေတွေပါပဲ နမ့်ခမ်းမြို့ နယ် ကြံ့ခိုင်ရေးအမတ်လောင်း ဦးကျော်မြင့်ခေါင်းဆောင်တဲ့ ပန်းဆေးပြည်သူ့စစ်အဖွဲ့ကို လွဲပေးမယ် ဘာလုပ်မယ် ဆိုတာ တော့ အတိအကျမသိရဘူး”- ဟု သူက ဆက်ပြောသည်။
၎င်းခြံမြေများသည် နမ့်ခမ်းနှင့် မုံးဝီးကားလမ်းမနံဘေး မန့်မိုင်နှင့်မုံရွဲရွာကြားတွင် တည်ရှိကြောင်း သိရသည်။
Artikel Terkait:




0 comments:
Post a Comment