Wednesday, December 29, 2010

မြန်မာဘက် တရုတ်လိမ္မော်သီး တင်သွင်းခွင့်ပိတ်ပင်


တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းများမှ တဆင့် တရုတ်လိမ္မော်သီး မြန်မာဘက် တင်သွင်းနေမှုကို ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင်ပိတ်ပင်လိုက်ကြောင်း သိရသည်။
နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ကုန်သွယ်ရေး စခန်းရှိရာ နေရာအားလုံးတွင် တရုတ်လိမ္မော်သီး တင်သွင်းခွင့် ပိတ်ပင်ရန် နယ်စပ် ကုန်သွယ်ရေးဦးစီးဋ္ဌာနက ညွန်ကြားထားကြောင်း နယ်စပ်ကုန်သွယ်ရေးဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးဦးစီးဋ္ဌာနက လိမ္မော်သီးတင်သွင်းခွင့် ပိတ်ဖို့ ညွန်ကြားထားတယ် နယ်စပ်ကုန်သွယ်ရေး စခန်း အားလုံးပေါ့နော် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ ခေတ္တညွန်မှူး ဗိုလ်မှူးကြီး အောင်နိုင်ထွန်းကိုယ်တိုင် ၂၇ ရက်နေ့က နယ်စပ် အ၀င်အထွက်ဂိတ်တွေကို စစ်ဆေးသွားတယ်
” ဟု နကသ၀န်ထမ်းတစ်ဦးက ပြောသည်။

တရုတ် - မြန်မာ နယ်စပ် မူစယ် - ကျယ်ခေါင် အ၀င်အထွက် လမ်းကြောင်းများမှ တစ်နိုင်တစ်ပိုင် သုံးဘီးများဖြင့် တင်သွင်း မှုများအပါအ၀င်  ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတွင် တရားဝင်အခွန်ဆောင်၍ တင်သွင်းနေမှုများကိုပါ ပိတ်ပင်ထားကြောင်း သိ ရသည်။

ထိုသို့ လိမ္မော်သီးတင်သွင်းခွင့်ပိတ်ပင်လိုက်သော်လည်း တရုတ်ထွက် အခြားသစ်သီးဝလံများကို ဆက်လက်တင်သွင်း ခွင့်ပြုကြောင်း သူက ဆက်ပြောသည်။

“ပန်းသီးတို့ဘာတို့တော့မပါဘူး လိမ္မော်သီးတစ်မျိုးထဲပိတ်တာ ဘာကြောင့်ပိတ်သလဲဆိုတော့ မြန်မာနိုင်ငံမှာလည်း လိမ္မော် သီးထွက်တဲ့အခါကျတော့ ဒီဈေးကွက်အရ ပိတ်တယ်လို့ ထင်တယ် ”
လို့ ဆိုသည်။

တရုတ် - မြန်မာ နယ်စပ် မူစယ် - ကျယ်ဂေါင် လမ်းကြောင်းမှ တဆင့် တရုတ်ထွက် အာလူး ကြက်သွန်ဖြူ အပါအ၀င် ဟင်းသီးဟင်းရွက်မျိုးစုံတင်သွင်းလျှက်ရှိပြီး တရုတ်လိမ္မော်သီး အဖါ ၅၀၀ ၀န်းကျင်ခန့် မြန်မာဘက်နေ့စဉ် တင်သွင်း ကြောင်းသိရသည်။

Artikel Terkait:

0 comments:

Post a Comment