မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းနှင့်ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများကို မလေးရှားကုမ္ပဏီ တစ်ခုဖြစ်သည့် Rimbunan Petrogas Ltd နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် အတွက် Rimbunan Petrogas Ltd သည်မုတ္တမကမ်းလွန်လုပ်ကွက်အမှတ် M1တွင် GTI(Geotechnical Site Survey) တိုင်းတာရေးလုပ်ငန်းများ ကို တိုင်းတာရေးရေယာဉ် MV Volans AG-30 ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အလားတူ GTI တိုင်းတာရေး လုပ်ငန်းများအား ဒီဇင်ဘာလ ၁၉ ရက်မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် လုပ်ငန်း ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်း နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် လုပ်ငန်းခွင်ဧရိယာမှ လေးကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက်များ ထုတ်ပြန်ထားကြောင်းလည်း သိရှိရပါသည်။
Eleven Media Group.
Eleven Media Group.
Artikel Terkait:




0 comments:
Post a Comment