နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်မူ ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုင်စင်လျှောက်ထားရမှု အပိုင်းများ ရှိနေဆဲဖြစ်ပြီး လိုင်စင်လျှောက်ထားရာတွင်မူ ကုန်သွယ်မှု မူဝါဒကောင်စီ (TC) သို့တင်ပြ၍ ခွင့်ပြုချက်ယူပြီး မှ လိုင်စင်ထုတ်ပေးမှုများ ရှိသကဲ့သို့ သက်ဆိုင်ရာနယ်စပ် ကုန်သွယ်ရေး စခန်းများကလည်း နေ့ချင်းပြီးလိုင်စင် ထုတ်ပေးနေမှုများရှိကြောင်းနှင့် ပျမ်းမျှအားဖြင့် TC ခွင့်ပြုချက်ယူရသော ပစ္စည်းအမျိုးအစား ၁၁ မျိုးသာ ရှိပြီး ကျန် ၈၉ ရာခိုင်နှုန်းမှာ နယ်စပ်စခန်း ခွင့်ပြုပစ္စည်းများဖြစ်ကြောင်းလည်း သိရှိရသည်။
အလားတူ ရောင်းသူ၊ ၀ယ်သူ နှစ်ဦးသဘောတူညီချက်အရ ပို့ကုန်ပစ္စည်းအမြန် တင်ပို့ရန်လိုအပ်ပါကလည်း ကုန်ပစ္စည်းအမှန်တကယ် လက်ဝယ်ရှိမှု၊ တင်ပို့ရန် စီစဉ်ဆောင်ရွက်နေမှု အစရှိသည့် ခိုင်မာသည့်အ ကြောင်းပြချက်များရှိနေပါကလည်း EISC က စီစဉ်ပြီး ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ထို့အတူ နယ်စပ်စခန်း ခွင့်ပြုပစ္စည်းများအား လိုင်စင်ထုတ်ပေးရာတွင်မူ နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာနကနေ့ချင်းပြီး လိုင်စင်ထုတ်ပေးနိုင်သော ပစ္စည်းများအား ၂၄ နာရီ အတွင်း လိုင်စင် ထုတ်ပေးနေကြောင်း လည်း သိရှိရသည်။
ရရှိထားသော စာရင်းများအရ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင်မူ ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃၈၃ ဒသမ ၆၇၄ သန်း ရှိခဲ့ကြောင်းနှင့် ယင်းပမာဏမှာ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ရှိခဲ့သော ကုန်သွယ်မှုပမာဏ ၆၃၇ ဒသမ ၁၁၅ သန်းထက် နှစ်ဆကျော် တိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
မြန်မာ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း၏ အဓိကလမ်း ကြောင်းတစ်ခုဖြစ်သော မြ၀တီ နယ် စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ် နိုဝင်ဘာလကုန်အထိ ကုန်သွယ်မှုပမာဏမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်နှင့် သွင်းကုန် တန်ဖိုး ၄၂ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။
Eleven Media Group.
Artikel Terkait:




0 comments:
Post a Comment