Friday, December 31, 2010

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီ ၃၀ မှ လုပ်ကွက် ၅၂ ကွက်တွင် မြှုပ်နှံထားပြီးဖြစ် ၊ဖော်ထုတ်ပြီး ကမ်းလွန် လုပ်ကွက်ထဲတွင် နိုင်ငံခြားကုမ္ပဏီများ မြှုပ်နှံနိုင်မည့် လုပ်ကွက် ၂၂ ကွက်သာ ကျန်ရှိတော့ကြောင်း သိရ

Eleven Media Group 30, 12,2010

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီ ၃၀ မှ လုပ်ကွက် ၅၂ ကွက်၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြောင်း၊ ဖော်ထုတ်ပြီး ကမ်းလွန် လုပ်ကွက်များထဲတွင် နိုင်ငံခြားကုမ္ပဏီများ မြှုပ်နှံနိုင်သည့် လုပ်ကွက် အရေအတွက်မှာ ၂၂ ကွက်သာ ကျန်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းေ ရးဆွဲရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိပါသည်။

ကုန်းတွင်း လုပ်ကွက်များထဲတွင် နိုင်ငံခြားကုမ္ပဏီ ရှစ်ခုမှ လုပ်ကွက် ၁၂ ကွက်တွင် ရင်းနှီးမြှုပ်နှံထားကြောင်း၊ အဆိုပါ လုပ်ကွက်များသည် မန်းရေနံမြေ၊ ရေနံချောင်း၊ ချောက်၊ ငလှိုင်တွင်း၊ ကျောက်ဖြူ၊ အင်းတော်-ရေနံ၊ ရွှေဘို-မုံရွာ၊ မဟူတောင်၊ စစ်တွေ၊ ဇီးဖြူတောင်-နန်းတော်၊ ဟူးကောင်း၊ ဥရုရေနံမြေများတွင် မြှုပ်နှံထားခြင်း ဖြစ်ကြောင်း သိရသည်။

ကမ်းလွန်လုပ်ကွက်များထဲတွင် ရေတိမ်ပိုင်း၊ ရေနက်ပိုင်း လုပ်ကွက်များထဲမှ လုပ်ကွက် ၃၀ ၌ နိုင်ငံခြားကုမ္ပဏီ ၂၂ ခုမှ ရင်းနှီးမြှုပ်နှံထားပြီး မုတ္တမကမ်းလွန်တွင် တည်ရှိသည့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ဇောတိက စီမံကိန်း၊ တနင်္သာရီကမ်းလွန်တွင် တည်ရှိသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ရခိုင်ကမ်းလွန်တွင် တည်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းများတွင် မြှုပ်နှံထားခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖော်ထုတ်ပြီး လုပ်ကွက်မှာ စုစုပေါင်း ၅၂ ကွက် ဖြစ်ပြီး လုပ်ကွက် ၃၀ မှာ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်ပြီး ဖြစ်ရာ ထပ်မံမြှုပ်နှံလိုသည့် နိုင်ငံခြား ကုမ္ပဏီများ အတွက် လုပ်ကွက် ၂၂ ကွက်သာ ကျန်တော့သည့် အနေ အထား ဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် လုပ်ကွက် ၂၂ ကွက်တွင် ကမ်းဦးရေတိမ်ပိုင်း လုပ်ကွက် ၆ ကွက်နှင့် ရေနက်ပိုင်း၌ ၁၆ ကွက် ဖြစ်ကြောင်း၊ အဆိုပါ ၂၂ ကွက်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါက ပြုလုပ်နိုင်ကြောင်း သိရသည်။

''ကမ်းဦးရေတိမ်ပိုင်းမှာ ၆ ကွက်၊ ရေနက်ပိုင်းမှာ ၁၆ ကွက် စုစုပေါင်း ၂၂ ကွက်မှာ မြှုပ်နှံမယ်ဆိုရင် မြှုပ်နှံနိုင်ပါတယ်။ ကျန်တဲ့ ကမ်းလွန် လုပ်ကွက်တွေမှာတော့ လုပ်ကွက် ၃၀ ကို နိုင်ငံခြားကုမ္ပဏီ ၂၂ ခုက သဘောတူညီချက် ၂၉ ခု လက်မှတ်ရေးထိုးပြီး လုပ်ကိုင်နေပါတယ်''ဟု စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်စီမံရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ-မလေးရှား နှစ်နိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍ အခွင့်အလမ်းများ အကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများ၏ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် မြှုပ်နှံထားမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၅ ဘီလျံနီးပါး ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွင်းက ၈ ဒသမ ၂၉ Billon Cubic Meter တင်ပို့ပြီး အာရှပစိဖိတ်ဒေသတွင် ဒုတိယ တင်ပို့မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။
ကမ်းလွန် လုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီမြှုပ်နှံထားမှု အချို့
ကုမ္ပဏီအမည် လုပ်ကွက်
TOTAL M-5,M-6
PETRONAS M-12,M-13,M-14
DAEWOO INTERNATIONAL A-1,A-3
PTTPI M-3,M-4,M-7,M-11,M-9
CNOOC A-4,M-10
ESSAR A-2
NGWE M-8
TWINZA OIL(ASIA)LTD YEB
၁၀ CNPC INTERNATIONAL LTD AD-1,AD-6,AD-8
၁၁ MPRL E & P A-6
၁၂ RIMBUNAN PETROGAS M-1
၁၃ PETROVIETNAM M-2
၁၄ DAEWOO INTERNATIONAL AD-7
၁၅ ONGC VIDESH AD-2,AD-3,AD-9
၁၆ DAEWOO INTERNATIONAL AD-7
၁၇ PETRONAS MD-4,MD-5,MD-6


Artikel Terkait:

0 comments:

Post a Comment