Friday, December 31, 2010

 ရတနာပုံတယ်လီပို့တွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော ကုမ္ပဏီ ၁၅ ခုအနက် စီဒီအမ်အေနှင့် မိုဘိုင်းဖုန်း ထုတ်လုပ်မှုလုပ်ငန်းများကို အေးရှားဝေါလ်နှင့် ထူးကုမ္ပဏီအုပ်စုမှ ဆောင်ရွက်ခွင့် ရရှိထား

  Eleven Media Group 30, 12, 2010
မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံတယ်လီပို့၌ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီ ၁၅ ခန့်တွင် စီဒီအမ်အေနှင့်  မိုဘိုင်းဖုန်း ထုတ်လုပ်မှုလုပ်ငန်းများကို ပြည်တွင်းမှ ကုမ္ပဏီနှစ်ခုဖြစ်သော အေးရှားဝေါလ်ကုမ္ပဏီနှင့် ထူးကုမ္ပဏီ အုပ်စုတို့မှ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိထားပြီး ပြည်ပကုမ္ပဏီများနှင့် နည်းပညာများ ပူးပေါင်း၍ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
    ရတနာပုံတယ်လီပို့တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြသည့် ကုမ္ပဏီများအနက် အေးရှားဝေါလ်ကုမ္ပဏီ သည် စီဒီအမ်အေနှင့် ဆယ်လူလာ BTS လုပ်ငန်းများကို ထုတ်လုပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထူး ကုမ္ပဏီအုပ်စုဝင် Elite Group နှင့် CBOSS တို့က  မိုဘိုင်းထုတ်ကုန် လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါ ကုမ္ပဏီသည် တရုတ်နိုင်ငံ Huawei ကုမ္ပဏီနှင့် ပူးပေါင်းကာ စီဒီအမ်အေ ၄၅၀MHz နှင့် ၈၀၀MHz လက် ကိုင်ဖုန်းများကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ကုမ္ပဏီနှစ်ခုတို့မှ စီဒီအမ်အေနှင့် မိုဘိုင်းဖုန်း ထုတ်ကုန်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရရှိထားကြပြီး အခြားသော ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိကြသော ပြည်တွင်းကုမ္ပဏီတို့မှာ သော်တာဝင်း ကုမ္ပဏီ၊ Yatanarpon Productionကုမ္ပဏီ၊ တာမိုးညဲချမ်းသာ ကုမ္ပဏီ၊ FISCA ၊ Jade Land ကုမ္ပဏီ၊ Hightech Princess ၊MCC Group ၊Myanmar Info Tech ၊ Maxinet၊  Global Technologyကုမ္ပဏီ၊ IGE ကုမ္ပဏီ၊ Fortune ကုမ္ပဏီနှင့် ရတနာပုံ ဆိုက်ဘာ ကော်ပိုရေးရှင်းတို့ ဖြစ်ကြောင်း သိရသည်။
    ရတနာပုံ ဆိုက်ဘာစီးတီးကို မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင် မြို့နယ် ပြင်စာကျေးရွာအနီးတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး  ပုဂ္ဂလိက ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက် ရှိကြသည်ဟု သိရသည်။ ရတနာပုံဆိုက်ဘာစီးတီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဧရိယာမှာဧက တစ်သောင်းကျော် ကျယ်ဝန်းသည်ဟု သိရသည်။

Artikel Terkait:

0 comments:

Post a Comment