Tuesday, December 28, 2010

အိန္ဒိယနိုင်ငံ၏ အ၀တ်အထည် ကုမ္ပဏီတစ်ခု မြန်မာ့ဈေးကွက်သို့ ထိုးဖောက်ရန် စီစဉ်

Posted on December 28th, 2010 The Myanmar Post

အိန္ဒိယ နိုင်ငံ၏ အ၀တ်အထည် ကုမ္ပဏီ တစ်ခု မြန်မာ့ ဈေးကွက်သို့ ထိုးဖောက်ရန် စီစဉ် အိန္ဒိယနိုင်ငံ၏ ထိပ်တန်း အ ၀တ် အထည် ကုမ္ပဏီကြီး တစ်ခုဖြစ် သည့် Dollar Industeries သည် မြန်မာ့ ဈေးကွက် သို့ ထိုးဖောက်ဝင် ရောက်ရန် စီစဉ် လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီ ၏ ထိပ်တန်း အရာရှိတစ်ဦးက ပြောကြားသည်။
“လက်ရှိ အချိန်မှာ တော့ ယခု ဘဏ္ဍာ နှစ်ကုန် ပိုင်းမှာ အီရတ်၊ အီ ရန်နဲ့ မြန်မာ နိုင်ငံတွေ ကို ဈေးကွက် ထိုးဖောက်ဖို့ ပြင်ဆင် နေပါတယ်။ ကျွန်တော် တို့ရဲ့ အမှတ် တံဆိပ်ဟာ ပင်လယ်ကွေ့ ဒေသ၌ ရောင်းအား အမြင့်ဆုံး အိန္ဒိယ အမှတ် တံဆိပ် တစ်ခု ဖြစ်ပါတယ်။ အာရပ် စော်ဘွားများ ပြည် ထောင်စု (ယူအေအီး)၊ အိုမန်၊ ကူ ၀ိတ်၊ ဒိုဟာနဲ့ ဘာရိန်း နိုင်ငံ များသို့ တင်ပို့ နေပြီး နှစ်စဉ် အ၀တ်အထည် ခြောက်သန်းခန့် ရောင်းနေ ရပါတယ်။ မြန်မာ နိုင်ငံ ဈေးကွက်ကို ထိုးဖောက် ၀င်ရောက် ရာမှာလည်း အောင်မြင် မှု ရမယ်လို့ မျှော်မှန်း ထားပါတယ်” လို့ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ Vinod Gupta က IANS နှင့် တွေ့ ဆုံစဉ် ပြောကြားသည်။
အဆိုပါ ကုမ္ပဏီသည် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေး နှစ်မှ စတင်ကာ ကုန်စည် တင်ပို့မှု နှစ်ဆ နီးပါး မြှင့်တင် နိုင်မည် ဟု မျှော်မှန်း ထားကြောင်း၊ လက်ရှိ အချိန်တွင် ကိုလ်ကတ္တား၊ တီရူပါ၊ လက်ဒ်ဟီယာနာ နှင့် ဒေလီ မြို့များ ၌ ထုတ်လုပ်ရေး ယူနစ်လေး ခု တည်ထောင်ပြီး တစ်နေ့ လျှင် အ ၀တ်အထည်ပေါင်း ၃,၅၀,၀၀၀ ကျော် ရောင်းချ နိုင်ခဲ့ကြောင်း၊ ဘောလိဝုဒ် ကြယ်ပွင့် အက်ရှ်လေ ကူးမားက Dollar အမှတ်တံဆိပ် သံတမန် အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဖြိုးမောင်မောင်

Artikel Terkait:

0 comments:

Post a Comment