Friday, December 24, 2010

ဟောင်းနွမ်းငွေစက္ကူများ လဲလှယ်ပေးမှု ကျပ် ၂၈ ဘီလျံဖိုးအထိ ရှိနေပြီ ဖြစ်ကြောင်း သိရ

Eleven Media Group 23, 12, 2010
b33912
တန်ဖိုးတူ ဟောင်းနွမ်း ငွေစက္ကူများအား လဲလှယ်ပေးမှုမှာ ၂၀၀၉ ခုနှစ် သြဂုတ်လ ၃ရက်နေ့မှစကာ ယခု ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းပိုင်း အထိ ကျပ် ၂၈ဘီလျံ ရှိလာကြောင်း ဗဟိုဘဏ် တာဝန်ရှိသူများထံမှ သတင်း ရရှိပါသည်။
ယခုအခါတွင် ဗဟိုဘဏ်မှတွင် ဟောင်းနွမ်းငွေစက္ကူများအား လာရောက်လဲလှယ်ကာ ဈေးများ၊ ကျောင်းများ၊ ရပ်ကွက်များ၊ ကားဂိတ်များ စသည်ဖြင့် ငွေစက္ကူအကြွေ လိုအပ်သည့် နေရာများတွင် ပြန်လည် လဲလှယ်ပေးသူများ ရှိလာကြောင်းလည်း သိရသည်။
လဲလှယ်ပေးရာတွင် အချို့မှာ တာဝန်ယူ လဲလှယ်ပေးရသည့် ကုန်ကျစရိတ်အဖြစ် ရာခိုင်နှုန်း အနည်းငယ် ပြန်လည်ယူသော်လည်း အချို့မှာမူ စေတနာဝန်ထမ်းသက်သက် လဲလှယ်ပေးခြင်း ဖြစ်သည်ဟု သိရသည်။
''အပြင်မှာ အဟောင်း တစ်သောင်းပေးရင် ငွေစက္ကူအကြွေအသစ် က ၈၀၀၀၊ ၇၀၀၀ ပဲရတယ်။ အခု ဗဟိုဘဏ်ကနေ တာဝန်ယူသွားလဲပေးပြီး ပြန်လဲတဲ့သူကျတော့ အဟောင်း တစ်သောင်းကို အသစ်ကျပ် ၉၀၀၀ လောက်ပေးတယ်လေ။ ဗဟိုဘဏ် မှာ တာဝန်ယူထုတ်ပြီး လိုက်လဲပေးတဲ့ သူတွေများရင်တော့ အပြင်က ၁၀၀၀၀ ကို ၇၀၀၀၊ ၈၀၀၀ ပေးတဲ့သူတွေလည်း နည်းသွားမှာပေါ့''ဟု စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
''ကျွန်တော်တို့ မင်္ဂလာတောင်ညွှန့်ထဲမှာ လဲပေးတဲ့သူကတော့ တစ်ရာပေးရင် တစ်ရာပြန်ရတယ်။ နှစ်ရာ ပေးရင် နှစ်ရာပြန်ရတယ်။ တစ်ပြားမှ မယူဘူး။ သူကျတော့ စေတနာသက်သက်နဲ့ လုပ်ပေးတာပါ''ဟု မင်္ဂလာတောင်ညွှန့်ရှိ လက်ဘက်ရည်ဆိုင် လုပ်ငန်းရှင် တစ်ဦးကလည်း ရှင်းပြခဲ့သည်။


Artikel Terkait:

0 comments:

Post a Comment