
ယခုလပိုင်း အတွင်း၌ ကျဆင်း သွားသော နိုင်ငံခြား ငွေလဲလှယ် ဈေး နှုန်းများကြောင့် ပြည်ပတွင် သွား ရောက် အလုပ်လုပ်ကြသူများ အနေ ဖြင့် ယခင်နှစ်များ လောက် ငွေပြန်မ ပို့ နိုင်သောကြောင့် အချို့ ပြည်တွင်း သို့ ပြန်လာရန် စဉ်းစားနေကြကြောင်း အဆိုပါ အသိုင်းအ၀ိုင်းမှ သိရသည်။
မြန်မာနိုင်ငံမှ သွားရောက်လုပ် ကိုင်သူ အများစုမှာ စင်ကာပူနိုင်ငံနှင့် မလေးရှား နိုင်ငံသို့ အများဆုံး သွား ရောက် လုပ်ကိုင် လျက်ရှိပြီး ယခုကဲ့ သို့ အမေရိကန် ဒေါ်လာဈေးနှုန်း နှင့် အတူ စင်ကာပူ ဒေါ်လာဈေး၊ မလေး ရှား ရင်းဂစ်ဈေး များပါ ကျဆင်းလာ သောကြောင့် ယခင်က ထက် ၀င်ငွေ များ လျော့နည်း လာသောကြောင့် ၎င်း တို့၏ မိသားစု ရပ်တည်ချက်များ မှာ ယခင်က ထက် ပိုမို ခက်ခဲလာ ကြောင်း သိရ သည်။
“အခုဆိုရင် စင်ကာပူဒေါ်လာ ဈေး ၆၀၀ လောက်ပဲ ရှိတော့တယ်။ ရတဲ့ လစာကလည်း အချိန်ပိုကို ကျုံး ရုန်း လုပ်မှ တစ်လ စင်ကာပူ ဒေါ်လာ ၇၀၀ ၀န်းကျင်လောက်ပဲ ရတာလေ။ ကိုယ့်ရဲ့ နေစရိတ်၊ စားစရိတ်နဲ့ အထွေ ထွေစရိတ်တွေ နုတ်လိုက်ရန် ဒေါ် လာ ၄၀၀ လောက် ကျန်အောင် မ နည်း ချွေတာ နေရတယ်။ ဒီကြား ထဲ ဒီမှာက စားသောက်ကုန် တွေကဈေး တွေ တက်နေသေးတယ်။ အရင်စင် ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၈၀၀ ကျော် လောက်ရတော့ ဘာပဲ ပြောပြော အဆင်ပြေသေးတယ်။ အခုဆို စင်ကာပူမှာ အလုပ်လုပ်တယ် သာပြောတာ တစ်လမှ အိမ်ကို နှစ် သိန်းကျော် လောက်ပဲပြန်ပို့ နိုင်တော့ အဆင် မပြေဘူး။ အခုစဉ်းစား နေ တာရန်ကုန်ပြန်ရင် ကောင်းမလား လို့ ဒီမှာလည်း တစ်လ နှစ်သိန်း လောက် ဆိုတော့ ဘာမှ မထူးဘူးလေ။ မိသား စုနဲ့ ခွဲနေရတာ ပဲရှိတယ်။ အချို့လည်း ပြန်ဖို့ (resign) တင်ထားတဲ့ သူ တွေအများကြီးပဲ။ ဒေါ်လာဈေး ဒီ့ ထက်ကျ နေဦးမယ်ဆိုရင်တော့ အ များကြီး ပြန်လာနိုင်တယ်” ဟု စင် ကာပူမှ အထွေထွေ လုပ်သားတစ်ဦး ဖြစ်သူ ကိုလွှမ်းမိုးအောင်က ပြော ကြားသည်။
ယင်းကဲ့သို့ ဒေါ်လာ ဈေးကျ ဆင်းနေသည့် အတွက် ပြည်ပသို့သွား ရောက် အလုပ်လုပ်ရန် စီစဉ် ထားသူ များအနေဖြင့် လည်း တွေဝေစဉ်းစား နေကြကြောင်း နှင့် ဟိုဘက်မှနိုင်ငံ ခြားသား လုပ်ငန်းရှင်များ အနေနှင့် ရုတ်တရက်လုပ် ခလစာများ တိုးမြှင့် ပေးနိုင်ဖွယ် မရှိကြောင်း နိုင်ငံတကာ အလုပ်အကိုင် ကျွမ်းကျင်သူ တစ်ဦး ကသုံးသပ်သည်။
“ဒေါ်လာဈေး တွေကျလို့ လုပ် အားခ တိုးမလာပါဘူး။ ဟိုဘက်က လုပ်ငန်းရှင် ကဒါတွေ ဂရုမစိုက်ဘူး လေ။ သူတို့ သတ်မှတ်တဲ့ကာလတစ် ခု၊ လစာတိုး ပေးရမယ့် လုပ်သက် အပိုင်း အခြားနဲ့ ပဲကြည့်တာလေး။ ဥပမာ သုံးလပြည့်ရင် ဘယ်လောက် တစ်နှစ်ပြည့်ရင် ဘယ်လောက် ဆိုပြီး ပဲသတ်မှတ်ပြီး တိုးပေး တာ။ငွေဈေး ဘယ်လောက် ကျကျသူတို့ ပြဿနာ မဟုတ်ဘူးလေ။ သူတို့ ကြည့်တာက အလုပ်ကြိုးစားမှု နဲ့လုပ်သက်ကိုပဲ ကြည့်ပြီး တိုးပေးတာ။ ပြီးရင် ဟိုမှာက အရင်နှစ်တွေ တုန်းက လိုမဟုတ်ဘူး။ ကုန်ဈေးနှုန်း တွေကလည်း အရမ်း ကြီးနေ တယ်။ ဟိုဘက်မှာ တင်ကြီး တာမဟုတ်ဘူး။ ဒီက မိသားစုတွေ မှာလည်း ဘယ်လောက် ပို့ပို့ မ လောက်ငှတဲ့ အတိုင်းအတာ ဖြစ်နေ တယ်လေ။ အဲဒီတော့ ဟိုမှာ လုပ်နေ ရတဲ့ သူအတွက် ကလည်း ဘာမှ အဖတ် မတင်ဖြစ်နေ တာပေါ့” ဟု စင်ကာပူနိုင်ငံ တွင် နှစ်နှစ်ကျော်သွား ရောက် အလုပ်လုပ်ခဲ့သူ တစ်ဦးက ဆိုသည်။
အိမ်နီးချင်း နိုင်ငံများတွင် သွား ရောက် လုပ်ကိုင်လျက် ရှိသော မြန် မာ အများစုမှာ ယခုအချိန် တွင်ကျ ဆင်း လျက်ရှိသောကြောင့် မိမိတို့၏ မိသားစု ထံသို့ ငွေလဲလှယ် ပေးပို့ရာ တွင် နည်းပါးခြင်း နှင့်အခြား ငွေကြေး ဆိုင်ရာထိခိုက် နစ်နာမှုများ ကြောင့် အချို့ အလုပ်သမားများ မှာစာချုပ် သက်တမ်းပြည့် ပါက မိမိနိုင်ငံ သို့ ပြန် လာရန် ရည်ရွယ် ထားခြင်းများ ရှိ ကြောင်း စုံစမ်း သိရသည်။
သူရ
Artikel Terkait:
0 comments:
Post a Comment