
ရန်ကုန်၊ မတ် ၂၅- ၂၀၀၉-၂၀၁၀ခုနှစ် မြန်မာ့ပို့ကုန်သွင်းကုန်ကဏ္ဍတွင် ပို့ကုန်တန်ဖိုးကန်ဒေါ်လာသန်း ၃ç၀၀၀ကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။
''ဒါဟာ လယ်ယာပို့ကုန်အရေးပါမှုကနေ သဘာဝဓာတ်ငွေ့ပို့ကုန်ကို ပြောင်းလဲလာချိန်ကစပြီး အခုလို ပိုငွေပြရှင်းတမ်းကို
ဖြစ်ခဲ့တာပါ။
၂၀၀၀-၂၀၀၁တုန်းက လိုငွေပြကုန်သွယ်မှုရှင်းတမ်းကိုဖြစ်စေခဲ့ပါတယ်။ ၂၀၀၂-၂၀၀၃ကစပြီး ပိုငွေပြကုန်သွယ်မှုရှင်းတမ်းကို ပြောင်းလဲဖြစ်ပေါ်စေခဲ့ပါတယ်။ အခု ၂၀၀၉-၂၀၁၀ မှာ သွင်းကုန်ထက်ပို့ကုန်က ရရှိတန်ဖိုးဟာ ကန်ဒေါ်လာသန်း ၃ç၀၀၀ကျော် မြင့်တက်ခဲ့ပါတယ်''ဟု သုတေသနအရာရှိ ဒေါ်နန်းစောနန္ဒာလှိုင်က ပြောသည်။ လိုငွေပြကုန်သွယ်မှုရှင်းတမ်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်ဦးစားပေးမူဝါဒချမှတ်လိုက်ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ယင်းကထပ်မံပြောသည်။
မြန်မာနိုင်ငံ၏ သွင်းကုန်ကဏ္ဍတွင် A list,B list ခွဲခြားထားပြီး ဓာတ်မြေသြဇာအပါအ၀င် လယ်
ယာသုံးပစ္စည်းများသည် A list တွင် ပါဝင်တင်သွင်းရမည်ဖြစ်ကာ B list တွင် အလှကုန်၊ အ၀တ်
အထည်အပါအ၀င် လူသုံးကုန်ပစ္စည်းများ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
Artikel Terkait:
0 comments:
Post a Comment