
ကျော်မြတ်ဇံ
ရန်ကုန်၊ မတ် ၂၂- ပြည်တွင်းဆန်ဈေး တည်ငြိမ်ရန်နှင့်ပြည်ပတင်ပို့နိုင်ရန် ရည် ရွယ်၍ ယခုဘဏ္ဍာနှစ်တွင် ဆန်စပါးဟတ် တာ ၈ ဒသမ ၃သန်းတိုးချဲ့ စိုက်ပျိုးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနမှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
''ဒီနေ့အချိန်အထိ မြန်မာနိုင်ငံ မှာ ဟက်တာ ၇၂သန်းစိုက်ပျိုးထားပြီးပါ ပြီ။ လာမယ့်နှစ်မှာလဲ စပါးမက်ထရစ်တန် ချိန် ၄၂သန်းနဲ့ ညီမျှသော စပါးတင်းသန်း ပေါင်းနှစ်ထောင်အထိ ထုတ်လုပ်နိုင်အောင် လယ်^ဆည်ဌာနက ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ်တွေသာ အ ကောင်အထည်ပေါ်ရင် ပြည်တွင်းစားသုံး မှုတွေလဲ ဖူလုံတဲ့အပြင် ပိုလျှံတာတွေကို လဲ ပြည်ပတင်ပို့မှာပါ''ဟု ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုတွင် မိုးကောင်းသောက် ဧရိယာ ၆၂ရာခိုင်နှုန်း၊ ဆည်ရေသောက်ဧရိယာ ၁၆ရာခိုင်နှုန်း၊ ရေကြီးရေနက်ကွင်း၊ ဧရိယာ ၁၄ရာခိုင်နှုန်းတောင်ယာ စပါးစိုက်ဧရိယာ လေးရာခိုင်နှုန်းနှင့် ဆားငန်မြေဧရိယာ နှစ် ရာခိုင်နှုန်းတို့ရှိကြောင်း သိရသည်။
Artikel Terkait:
0 comments:
Post a Comment