"ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ဦးပိုင်းကာလက ပြည်တွင်း စားနပ် ရိက္ခာဖူလုံရေးအတွက် လက်ကျန် ဆန်ပမာဏကို ပြန်ပြီးတော့ တွက်ချက် နေရတာဖြစ်လို့ ဆန်တင်ပို့မှုကို ယာယီ ရပ်နားခဲ့ရတယ်။ ဒါကြောင့် ဆန်တင်ပို့ မှုလုပ်ငန်းကလည်း ဧပြီလမှစပြီးတော့ ပြန်လည် သက်ဝင်လာတယ်လို့ ပြော လို့ရတယ်။ ဒါပေမယ့် ဧပြီနဲ့ မေလတွေ မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပကို ဆန် တန်ချိန်တစ်သိန်းခန့် တင်ပို့နိုင်ခဲ့တယ်"ဟု ၎င်းက ဆိုသည်။
၂၀၁၀-၁၁ ဘဏ္ဍာနှစ် (အောက်တိုဘာလအထိ) ဆန်တင်ပို့မှုသည် တန်ချိန် နှစ်သိန်းခန့်သာ ရှိမည်ဖြစ်ကြောင်း၊ ယခင်ဘဏ္ဍာနှစ်၌ ပြည်ပသို့ ဆန်တန် ချိန် ရှစ်သိန်းကျော် တင်ပို့နိုင်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် ယင်းပမာဏကို ပြည့်မီနိုင်မည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။
ဧပြီနှင့် မေလတို့တွင် အိတ်စ်ပို့ ဆန်ဈေးနှုန်းမှာ FOB တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၂၀ ခန့် ရှိကြောင်း၊ ပို့ကုန်ရ၀င်ငွေတန်ဖိုး မှာလည်း တစ်ယူနစ်လျှင် ကျပ် ၁,၀၀၀ နှင့် ၁,၁၀၀ အကြား၌ ရှိခဲ့ခြင်းကြောင့် အိတ်စ်ပို့ လုပ်ငန်းရှင်များ အထိုက်အလျောက် အကျိုး အမြတ် ခံစားခွင့်ရခဲ့ကြောင်း သိရသည်။
"အဲဒီနောက်ပိုင်း မိုးတွင်းကာလ ဖြစ်တဲ့ ဇွန်လကစပြီး စက်တင်ဘာလ အထိ ဆန်တင်ပို့မှု လုပ်ငန်းကတော့ တဖြည်းဖြည်း ကျဆင်း လာတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဆန်စပါးထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ဒီနှစ် ဆန်ထွက်ရှိမှုက ပြီးခဲ့တဲ့နှစ် ထွက် ရှိမှုထက် ပိုထွက်တာကြောင့်လည်း ပါတယ်။ ဒါ့ပြင် မြန်မာ့ဆန်ကို အဓိက ၀ယ်ယူနေတဲ့ ဘင်္ဂလားဒေ့ရှ်၊ အာဖရိက နိုင်ငံတွေကလည်း ဒီနှစ်မှာ ဆန်ဝယ်ယူ မှုပမာဏ ကျဆင်းလာတာ တွေ့ရတယ်။ ပြီးတော့ export earnings ဈေးနှုန်းကလည်း တစ်ယူနစ်ကို ကျပ် ၁,၀၀၀ အောက် တဖြည်းဖြည်း ကျလာတာကြောင့်လည်း ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ တွက်ခြေမကိုက်တာကြောင့် ပို့ကုန်ပမာဏ လျော့ကျလာတာဖြစ်တယ်"ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ဆန်ရောင်းဝယ်ရေး ဈေးကွက်တွင် အိတ်စ်ပို့ ဆန်ဈေးနှုန်းများမှာ အောက်တိုဘာလမှစပြီး အထိုက်အလျောက် မြင့်တက်လာ သည့် အတွက် မြန်မာအိတ်စ်ပို့ ဆန်ဈေးနှုန်းမှာလည်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ ခန့် ရရှိလာပြီးနောက် ယခုကာလ၌ တစ်တန်လျှင် 'ကန်' ဒေါ်လာ ၃၇၀ နှင့် ၃၈၀ အကြားဈေးပိုမိုရလာကြောင်း သိရသည်။
"ဒါကြောင့် လက်ရှိကာလမှာ အိတ်စ်ပို့ ဆန်က ဈေးရလာတယ်ဆိုပေမယ့် ၀ယ်တဲ့သူက ဘာဖြစ်လာသလဲဆိုရင် လိုသလောက်ပဲ ၀ယ် တော့တယ်။ အရင်တုန်းကလို လိုအပ်တဲ့ ပမာဏထက် ပိုပြီးတော့ မ၀ယ်တော့တာကြောင့် ဆန် တင်ပို့မှုပမာဏက အထိုက်အ လျောက်ပဲ ရှိတယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယခုနှစ်တွင် မိုးစပါးဧက ၁၇ ဒသမ ၂၇ သန်းနှင့် နွေစပါးဧက သုံးသန်း စိုက်ပျိုးထားပြီးဖြစ်ရာ ယခုနှစ်တွင် ရာသီဥတုကြောင့် အထွက် နှုန်းမှာ အနည်းငယ်လျော့ကျနိုင်ဖွယ်ရှိသော်လည်း စပါးတင်း သန်းပေါင်း ၁,၅၀၀ ခန့် ထွက်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယမန်နှစ် ဆန်စပါးထွက်ရှိမှု နှုန်း ထားမှာ နွေနှင့် မိုးစပါး အပါအ၀င် တင်းသန်းပေါင်း ၁,၅၀၀ ကျော် ထွက်ရှိသည့်အနက် စိုက်ဧကမှာ မိုးစပါးဧက ၁၇ ဒသမ ၂၁ သန်းနှင့် နွေစပါးဧက သုံးသန်း စိုက်ပျိုးခဲ့သည်။
ရန်ကုန် ဆန်ရောင်းဝယ်ရေးဈေးကွက်တွင် ယခုနှစ် မတ်လ ဒုတိယပတ်မှစ၍ ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများမှာ အမျိုးအစားများ ပေါ်မူတည်ကာ တစ်အိတ်လျှင် ကျပ် ၅၀၀ ကျော် နှင့် ၂,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံပိုင်ရှင်များက ပြောသည်။
ဆန်ဈေးနှုန်းများမှာ ဆန်ကြမ်း အမျိုးအစားဝင် ဇီယာ တစ်အိတ်လျှင် မတ်လအလယ်၌ ကျပ် ၁၆,၀၀၀ ရှိခဲ့သော်လည်း ဇွန်လဆန်း တွင် တစ်အိတ်လျှင် ကျပ် ၁၇,၀၀၀ နှင့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဆန်တစ်အိတ်ကို ကျပ် ၁၈,၀၀၀ ကျော်အထိ ဈေးစွာခဲ့သည်။
ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် တစ်အိတ်လျှင် ကျပ် ၃၄,၀၀၀ ကျော်အထိ ရှိလာပြီး နိုဝင်ဘာလ၌ တစ်အိတ်လျှင် ကျပ် ၃၇,၀၀၀ ကျော်အထိ ဈေးစွာလာသော်လည်း နိုဝင်ဘာ ဒုတိယ ရက်သတ္တ ပတ်မှစ၍ ပေါ်ဆန်းဆန်မှာ အသစ် ထွက်ရှိလာသည့်အတွက် ယခုအခါ ပေါ်ဆန်း(အဟောင်းရှယ်)မှာ တစ် အိတ်ကို ကျပ် ၃၆,၀၀၀ ရှိပြီး ပေါ်ဆန်း (အသစ်ရှယ်)မှာ တစ်အိတ်ကို ကျပ် ၂၄,၅၀၀ ရှိသည်။
Artikel Terkait:
0 comments:
Post a Comment