Wednesday, January 5, 2011

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၌ ရင်းဂစ် ၂၂ ဒသမ ၃၂ သန်းဖိုး မလေးရှားက ရင်းနှီးမြှုပ်နှံ

January 3rd, 2011 The Myanmar Post

မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ် ငွေ့ လုပ်ငန်း ၌ ရင်းဂစ် ၂၂ ဒသမ ၃၂ သန်းဖိုး ရင်းနှီး မြှုပ်နှံ ထားကြောင်း မလေးရှား နိုင်ငံ အခြေစိုက် မလေး ရှား ပြည်ပ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုး တက်မှု ကော်ပိုရေးရှင်း (MATRADE) မှ ထုတ်ပြန် ကြေညာ လိုက်သည်။

အဆိုပါ အစီ အစဉ် အရ အဖွဲ့ ၀င် ၃၄ ဦး ပါဝင် သည့် MATRADE ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက် အထိ ရန်ကုန်မြို့ သို့ လာရောက် ဆွေးနွေး ခဲ့ကြောင်း၊ မြန်မာ – မလေးရှား နှစ်နိုင်ငံ စီးပွားရေး ကိုယ်စားလှယ် များ၏ တစ်ဦးချင်း စီးပွားရေး တွေ့ဆုံ ဆွေးနွေးမှု ၈၀ ကျော် ကိုလည်း MATRADE က စီစဉ် ခဲ့ကြောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း များ၌ ရင်းနှီးမြှုပ်နှံ ရန် အခွင့် အလမ်း ကောင်းများ ထွက် ပေါ်ခဲ့ကြောင်း သိရသည်။

“လောင်စာဆီ ရောင်းဝယ်ရေး နဲ့ အခြေခံ အဆောက် အအုံ တွေမှာ ထပ် မံ ရင်းနှီး မြှုပ်နှံ ဖို့လည်း စီစဉ် နေပါ တယ်။ ကမ်းလွန် လုပ်ကွက်၊ ရေနံတူး ဖော်စက်၊ အခြေခံ အဆောက် အအုံ တည်ဆောက်ရေး၊ ရေလုပ်ငန်းနဲ့ logistics တွေမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ ရေရှည် ရင်းနှီး မြှုပ်နှံဖို့ မျှော်လင့် ပါတယ်” ဟု MATRADE  အမှုဆောင် အရာရှိချုပ် ဒါတက်ခ် နိုဟာရက်ဒင်နော်ဒင် က ပြောကြား သည်။
မိုးသက်ကို

Artikel Terkait:

0 comments:

Post a Comment