
ဆွီဒင်နိုင်ငံဖြစ် Searia ဘတ်စ်ကား နည်းပညာနှင့် ကမ္ဘာ့အရည်အသွေးမီ အမှတ်တံဆိပ် အစိတ်အပိုင်းများ အသုံးပြုကာ ထုတ်လုပ်ထားပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် တပ်ဆင်ထုတ်လုပ်သည့် ဘယ်မောင်း ခရီးသည်တင် Highre Express ကားကြီး များ မြန်မာနိုင်ငံသို့ စတင်တင်သွင်းမှု အဖြစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မန္တလေးမြို့သို့ စတင် ရောက်ရှိလာကြောင်း ၎င်းကားများ တင်သွင်းခွင့်ကို ရရှိသည့် Greater Man ကုမ္ပဏီမှ သိရှိရသည်။
အဆိုပါ Higher Express ကားများမှာ အလျား ၁၁ မီတာ (၃၅ ပေခန့်) ရှိပြီး ခရီးသည် ၄၅ ယောက် တင်ဆောင်နိုင်ကာ ကား၏ ၀မ်းဗိုက်အတွင်းတွင်လည်း လက်ရှိ ပြေးဆွဲနေသော Express Car ကားများထက် ကုန်စည် ပိုမိုသယ်ဆောင် နိုင်မည်ဟု ဆိုပါသည်။ ယခု တင်သွင်းလာသော Higher Express ကားကြီးများမှာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၇၉၀ ခန့် ရှိကာ တစ်နှစ်အတွင်း ကီလိုမီတာ တစ်သိန်း မောင်းနှင်ထားသော ကားများကို Service အတိုင်း ၀န်ဆောင်မှု များ ပေးသွားမည်ဟုလည်း သိရသည်။
''ံHigher ဘတ်စ်က ပညာရှင်တွေ မြန်မာနိုင်ငံကို လာရောက် လေ့လာစိစစ်ပြီး တပ်ဆင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Brand New ဖြစ်တာကြောင့် ဇီးရိုးကီလိုမီတာကနေ စတင် မောင်းနှင်နိုင်ပါတယ်။ ကားအတွက် လိုအပ်တဲ့ ဆားဗစ်တွေ လုပ်ပေးနိုင်အောင် ပြည်တွင်းမှာ ဆားဗစ်စင်တာ ဖွင့်ပေးမှာ ဖြစ်တာမို့ အပိုပစ္စည်း အစစ်အမှန်တွေကိုလည်း ရရှိနိုင်ပါတယ်။ show room ပြပြီး ရောင်းချတာရှိမှာ ဖြစ်သလို ၀ယ်ယူသူ စိတ်ကြိုက် မှာယူ တည်ဆောက်ပြီး ရောင်းချတဲ့ စနစ်ကို လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု Greater Man ကုမ္ပဏီမှ စီးပွားရေး ဖွံ့ဖြိုးမှု ဒါရိုက်တာ ကိုဝင်းမျိုးချစ် က ပြောကြားပါသည်။
ဝယ်ယူသူစိတ်ကြိုက် မှာယူနိုင်သောကြောင့် လုပ်ငန်းနှင့် စီးပွားရေး အရ အံဝင်ခွင်ကျ ဖြစ်စေနိုင်ပြီး ၀ယ်ယူသူ၏ လုပ်ငန်းအား ကိုယ်စားပြုသည့် အရောင်အသွေး အမှတ်တံဆိပ် များကို မူရင်းဆေးသားဖြင့် စိတ်ကြိုက်ထည့်သွင်း ရေးဆွဲနိုင်မည်ဟုလည်း ဆိုပါသည်။
ဘတ်စ်ကားတို့၏ တိမ်းစောင်းခံနိုင်မှုကို ၃၅ ဒီဂရီဟု ကမ္ဘာမှ လက်ခံထားရာ Higer ဘတ်စကားများ၏ တိမ်းစောင်းခံနိုင်စွမ်း ၄၁ ဒသမ ၂ ဒီဂရီ အထိ ရှိကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်းလမ်းကို အသုံးပြုကာ သယ်ဆောင်နိုင်သောကြောင့် ရေလမ်းမှ သယ်ဆောင်သည်ထက် အချိန်သက်သာမှု ရှိကာ မှာယူချိန်မှ နှစ်လအတွင်း တပ်ဆင် ထုတ်လုပ်ပေးနိုင်မည်ဟု သိရှိရသည်။
၇ မီတာအရှည်၊ ၂၉ ခုံဆံ့ Higer မီနိဘတ်စကား ငါးစီးကိုလည်း ဆက်လက် တင်သွင်းသွားရန် ရှိကြောင်း ထပ်မံသိရှိရသည်။
Artikel Terkait:




0 comments:
Post a Comment