ဖွံ့ဖြိုးဆဲကမ္ဘာတွင် နိုင်ငံရေးနှင့် စီးပွားရေးမူဝါဒများကို နိုင်ငံတကာ၏ တိုးတက်ပြောင်းလဲမှုများနှင့်အညီ သင့်တော်သော ပြုပြင်ပြောင်းလဲမှု များအား ဆောင်ရွက်ကြ ရပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ကမ္ဘာ့ စီးပွားရေးနယ်ပယ်သို့ ဝင်ရောက်နိုင် ရန်အတွက် မက်ခရိုစီးပွားရေး (Macroeconomic) ပြုပြင်ပြောင်း လဲမှုများနှင့် စီးပွားရေးအရ ပူးပေါင်း မှုများအား တိုးမြှင့်လုပ်ဆောင်လာ ကြပါသည်။ ပို့ကုန်မြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်ခြင်း၊ နိုင်ငံပိုင် လုပ်ငန်းများအား ပုဂ္ဂလိက ပိုင် ပြု ခြင်း၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာစေရန် အတွက် အတားအဆီးများ လျှော့ ချခြင်း၊ အစိုးရ၏ အခန်းကဏ္ဍအား လျှော့ချ၍ နိုင်ငံရှိ စီးပွားရေးလုပ်ငန်း များ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခြင်းနှင့် ပြည်တွင်း အလုပ်သမားဈေးကွက်ဆိုင်ရာ ကန့် သတ် ထိန်းချုပ်မှုများအား ကင်းလွတ် စေခြင်း စသည်တို့သည် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်အချို့ဖြစ် ၏။ သက်ဆိုင်ရာနိုင်ငံအလိုက် ဖွံ့ ဖြိုးတိုးတက်ရေး မဟာဗျူ ဟာ အား အထောက်အကူပြုအစီအစဉ်တစ်ရပ် အဖြစ် အကောင်အထည်ဖော်ကြ ခြင်းလည်းဖြစ်၏။ ထို့ကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ နှင့် ညီညွတ်သော နိုင်ငံရေးပတ်ဝန်း ကျင်အား ဖော်ဆောင်ထားရှိရန် လို အပ်မည်ဖြစ်ပြီး စီးပွားရေးအရ တိုး တက်မှုရရှိရေး၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုများ စီးဝင်လုပ်ကိုင်ရန် နိုင်ငံရေး တည် ငြိမ်မှုလိုအပ်ပုံကို လေ့လာ တင်ပြသွားပါမည်။စီးပွားရေးအဖွဲ့အစည်းများ သည် နိုင်ငံတကာဈေးကွက်သို့ ဝင် ရောက်ရာတွင် ကျွမ်းဝင်ခြင်းမရှိ သည့်နိုင်ငံရေးစနစ်များ နှင့် မဖြစ်မနေ ထိတွေ့ကြရပါသည်။ အချို့နိုင်ငံ များမှ အစိုးရအရာရှိများ၊ ဝန်ထမ်း များသည် ပြည်ပကုမ္ပဏီများအား သူစိမ်းများ (သို့) နိုင်ငံ၏ စီးပွားရေး လွတ်လပ် ခွင့်နှင့်နိုင်ငံရေးအရ အချုပ် အခြာအာဏာကိုထိပါးရန်ကျူးကျော် ဝင်ရောက်သူများအဖြစ် သံသယ ဖြင့် ရှုမြင်တတ်ကြပါသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ စီးပွား ရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေး ရာသီဥတုအပေါ် စွန့်စားဆောင် ရွက်ကြရပါသည်။ နိုင်ငံရေး၊ ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများ မတည် ငြိမ်မှု၏ အကျိုးဆက်များကိုလည်း ခံစားကြရပါသည်။
နိုင်ငံရေးအခြေအနေအပေါ် စွန့်စားရခြင်း
နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းကြီးများသည် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေး ရာသီဥတုအပေါ်မူတည်၍ စွန့်စားဆောင်ရွက်လိုခြင်း မရှိပါ။ ယင်းတို့၏ ပိုင်ဆိုင်မှုများ ဆုံး ရှုံးနိုင်ခြင်း၊ဝင်ငွေလျော့နည်းခြင်း၊ နိုင်ငံရေးအရ ထိန်းချုပ်ထား မှုများ စသည်တို့သည် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို လျော့ကျစေပါ သည်။ နိုင်ငံအလိုက် ကိုယ် ကျိုး စီးပွားကာကွယ်ရေးသည် လိုအပ်ပါသည်။ အစိုးရမှ ကုမ္ပဏီပိုင်ဆိုင်မှုများအား သိမ်း ယူခြင်း၊ကုမ္ပဏီနှင့်အလုပ်သမား များ၏ အကျိုးစီးပွားကို ထိခိုက် စေသော ကိစ္စ ရပ်များအား လုပ်ဆောင်စေခြင်း စသည့် အခြေအနေများသည် နိုင်ငံရေး အရကြုံတွေ့နိုင်သောအန္တရာယ် များဖြစ်၏။ အဆိုပါ ဆောင် ရွက်ချက်များသည် ထူးခြားမှု မရှိလှသော်လည်း ကုမ္ပဏီများ အနေဖြင့် ယင်းကဲ့သို့သော ဆုံးရှုံးနိုင်မှုအန္တရာယ်များမှ ကာကွယ် နိုင်ရန် အထူးအစီအစဉ်များအား ကြို တင်ဆောင်ရွက်ထား လေ့ရှိ သည်။ဥပမာ- အမေရိကန်မှ ဟာကြူလီ (Hercules Inc.,) အပြည်ပြည်ဆိုင် ရာ ကုမ္ပဏီကြီးများသည် ဓာတု ပစ္စည်းလုပ်ငန်းကြီးဖြစ်ပြီး ဥရောပ ရှိလုပ်ငန်းများ လုံခြုံရေးအတွက် ကဏ္ဍစုံတွင် အစီအမံများစွာပြုလုပ် ထားပါသည်။ အချို့သော ကုမ္ပဏီ များသည် နိုင်ငံရေးအရ အန္တရာယ် များအတွက် အာမခံထားရှိလာကြ ပြီးမှသာ အန္တရာယ်ရှိသည့် နိုင်ငံများ ဖြစ်သော အရှေ့ဥရောပ၊ တရုတ် နှင့် ဘရာဇီးတို့သို့ ဝင်ရောက်လုပ် ကိုင်ကြကြောင်း လေ့လာတွေ့ရှိနိုင် ပါသည်။ ထို့ကြောင့် နိုင်ငံတကာ စီးပွားရေးကော်ပိုရေးရှင်းကြီးများ သည် စွန့်စားဆောင်ရွက်ရန်အတွက် နိုင်ငံရေးအရ အန္တရာယ်ရှိမှုအား စိစစ်လေ့လာရန် မဖြစ်မနေလုပ် ဆောင်လာကြပါသည်။
နိုင်ငံရေး မတည်ငြိမ်မှု
အပြည်ပြည်ဆိုင်ရာကုမ္ပဏီကြီး များတွေ့ကြုံရသည့် အခြားပြဿနာ များသည် နိုင်ငံရေး မတည်ငြိမ် မှုမှ သန္ဓေတည်ခဲ့ကြောင်း လေ့လာသိရှိနိုင်ပါသည်။ အဓိ ကရုဏ်း များ၊ ဆူပူမှုများနှင့် အစိုးရအဖွဲ့အတွင်း အပြောင်း အလဲများ စသည်တို့သည် နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်စဉ် များတွင်ပါဝင်ပါသည်။ နိုင်ငံရေး အရ မတည်ငြိမ်ခြင်းသည် မသေချာမှုများကို ပိုမို တိုးပွား စေပါသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ထိုင်းနှင့်သီရိလင်္ကာ တို့တွင်ပြီးခဲ့သောရာစုနှစ်အတွင်း ပြည်တွင်းစစ်နှင့် အကြမ်းဖက် မှုများဖြစ်ပေါ် ခဲ့ကြောင်း တွေ့ နိုင်ပါသည်။ ဆိုဗီယက် ပြည် ထောင်စုဝင်နိုင်ငံဟောင်းများ တွင်လည်း အစိုးရ အပြောင်း အလဲနှင့် နိုင်ငံရေးမူဝါဒ ပြောင်း လဲမှုများ ဖြစ်ပေါ်ခဲ့၍ ကုမ္ပဏီ ကြီးများအနေဖြင့် အခက်အခဲ များ ကြုံတွေ့ကြရပါသည်။အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ ကြီးများအနေဖြင့် နိုင်ငံရေး တည်ငြိမ်မှုရှိသော နိုင်ငံများ တွင်သာ ရင်းနှီးမြှုပ် နှံ လိုကြပါသည်။ ယင်းတို့၏ အကျိုးစီးပွား တိုးတက် လာစေရန် အခွင့်အလမ်းများ ပိုမိုရရှိ ၍ဖြစ်၏။ နိုင်ငံရေးမတည်ငြိမ်သော နိုင်ငံများတွင် နိုင်ငံရေး အရဖြစ်စေ၊ ကျင့် ဝတ် (သို့) ဘာသာရေးအရ ဖြစ်စေ ကသောင်းကနင်းဖြစ်မှုများမှ တစ်ဆင့် အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်လေ့ရှိပါသည်။ တရုတ်နိုင်ငံ ၏ ဖြစ်စဉ်တစ်ရပ်ကို ဥပမာ အဖြစ် တင်ပြလိုပါသည်။ နိုင်ငံရေးမူဝါဒများ အလျင်အမြန်ပြောင်းလဲခြင်းသည် တစ်ခါတစ်ရံ အန္တရာယ်များတတ် သော်လည်း တရုတ်နိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများသည် ဖွံ့ဖြိုးပြီး နိုင်ငံများမှကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ရန် အလားအလာအကောင်းဆုံးဈေးကွက် အဖြစ်ဆွဲဆောင်နိုင်ခဲ့ပါ သည်။ AT&T ၊ ဇီရော့ (Xeorx)၊ မော်တိုရိုလာ (Motorola) နှင့် ကိုဒတ်ခ် (Kodak) စသည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီး များသည် တရုတ်နိုင်ငံ၌ အများ အပြား ရင်းနှီးမြှုပ်နှံလာကြပါသည်။
ဥပဒေနှင့် စည်းမျဉ်းများ
အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ ကြီးများသည် နိုင်ငံအလိုက်ကွဲပြား စွာရှိနေသော စီးပွားရေးဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများအား မလွဲ မသွေတွေ့ကြုံကြပါမည်။ အိမ်ရှင် နိုင်ငံအစိုးရများအနေဖြင့် စားသုံး သူများအား အကာအကွယ်ပေးရန်၊ သတင်းအချက်အလက်များကို ထိန်းချုပ်ရန်၊ အလုပ်အကိုင်ရရှိရေး နှင့် အလုပ်ခွင်အန္တရာယ် ကင်းရှင်း ရေး၊ လုပ်ခလစာစသည်တို့အတွက် အမျိုးမျိုးသော ဥပဒေများကို ပြဋ္ဌာန်း ထားလေ့ရှိပါသည်။ အပြည်ပြည် ဆိုင်ရာကုမ္ပဏီကြီးများအနေဖြင့် အဆိုပါ ဥပ ဒေ နှင့် စည်းမျဉ်းများ အား မဖြစ်မနေလေ့လာ၍ လိုက် နာရပါမည်။ ဥပမာ (Wal-Mart) သည် အမေရိကန်ပုံစံဖြင့် ရပ်တည် ကာလုပ်ငန်းဆောင်ရွက်သော်လည်း ၁၉၉၇ ခုနှစ်တွင် ဂျာမနီဈေးကွက် သို့ ဝင်ရောက်ချိန်၌ ဂျာမန်၏ နစ် နာကြေးဆိုင်ရာ ဥပဒေများအား ကျေညက်အောင်လေ့လာဆောင် ရွက်ရပါသည်။ မန်နေဂျာများသည် ဂျာမန်လုပ်သားများအား အခြား နည်းဖြင့် ဆုကြေးပေးရန် ဆောင် ရွက်ကြ၏။ ဆိုလိုသည်မှာ လာ ရောက်ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီ ကြီးများသည် ယင်းတို့လုပ်ရ မည့် အလုပ်ကိုလုပ်ဆောင်ပါလိမ့်မည်။ အိမ်ရှင်နိုင်ငံဘက်ကလည်း အာမခံ ချက်ပေးရန် လိုမည်ဖြစ်၏။ယခုအခါ အင်တာနက်မှ တစ် ဆင့် ပြည်ပနိုင်ငံများ၏ ဥပဒေနှင့် စည်းမျဉ်းများအား ပိုမိုလေ့လာနိုင် ပြီဖြစ်သည်။ ယင်းကဲ့သို့ လေ့လာ နိုင်ရန်ဆောင်ရွက်ပေးခြင်းဖြင့် အိမ် ရှင်နိုင်ငံ၏ အကျိုးစီးပွားအတွက် အထောက် အကူဖြစ် စေနိုင် ကြောင်း ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။ သို့ဖြစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံရေးအရ သဘောတူညီမှုစာချုပ်များလည်း သိသာထင်ရှားစွာ ပေါ် ပေါက်လာပါ သည်။ ယင်းတို့မှာ ဥရောပသမဂ္ဂ၊ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် စသည်တို့ ဖြစ်၏။
စီးပွားရေးတိုးတက်စေခြင်း
အပြည်ပြည်ဆိုင်ရာ စီးပွား ရေးနယ်ပယ်တွင် အောင်မြင်စေရန် နိုင်ငံစုံစီးပွားရေး ကော်ပိုရေးရှင်းကြီး များ၏ အခန်းကဏ္ဍသည် အရေး ပါပါသည်။ အဆိုပါ ကော်ပိုရေး ရှင်း ကြီးများသည် နယ်စည်းမခြား စီး ပွားရေးလုပ်ငန်းများကို ဆောင်ရွက် ကြပါသည်။ ယင်းတို့နှင့်အတူ အ တွေးအခေါ်များ၊ ကုန်ပစ္စည်းများ၊ ကုန်ထုတ်လုပ်မှု လုပ် ငန်းများနှင့် နိုင်ငံများအကြား ထိရောက်သော ရောင်းဝယ်ဖောက်ကားသည့်စနစ် များစသည်တို့သည် လွတ်လပ်စွာ စီးဝင်လာပါမည်။ ကော်ပိုရေးရှင်း ကြီးများမှ မန်နေ ဂျာများ၏ အတွေ့ အကြုံများကိုလည်း လေ့လာသင် ယူ၍ အိမ်ရှင်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများတွင် အသုံးချနိုင်မည် ဖြစ်၏။မည်သည့်လုပ်ငန်းမဆို အကျိုး အပြစ် ဆိုသည်ရှိကြပါသည်။ Globalization ခေတ်တွင် သတင်း အချက်အလက်နည်းပညာနှင့် အ ရင်းအနှီး (လူသားအပါအဝင်)သည် နိုင်ငံဖွံ့ဖြိုးတိုးတက် စေရေး အ တွက် အရေးအပါဆုံး လက်နက်များဖြစ်၏။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် မိမိတွင် အ ရင်းအနှီးနှင့် နည်းပညာမရှိပါက မည်သို့သော နည်းလမ်းဖြင့် ကျော် လွှားကြပါ သနည်း။ အစစ်အမှန်ကို လေ့လာအဖြေထုတ်ရပါမည်။ သို့ သော် ထိုစစ်မှန်သော အဖြေအရ ဘာလုပ်သင့်သလဲဆိုသည်ကို ပြတ် သားစွာ ဆုံးဖြတ်အကောင်အထည် ဖော်နိုင်ရေးသည် နောက်ဆုံးကျော် လွှားရန် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါ သည်။
ဆတ်လက်ဝဲ (M.Dev.S)

Artikel Terkait:

0 comments:
Post a Comment