ယင်းပမာဏများအနက် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့တင် ပို့သည့်ပမာဏမှာ မလေးရင်းဂစ် ၂၂ ဒသမ ၆ ဘီလျံရှိပြီး မြန်မာနိုင်ငံမှ ပြန်လည်တင်သွင်းမှုပမာဏ မလေးရင်းဂစ် ငါးဘီလျံရှိကြောင်း မလေးရှားနိုင်ငံ၏ International Trade and Industrial မှ ဒုတိယ၀န်ကြီး Dewan Rakyut က ပြောကြားခဲ့ကြောင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားချက်အရ သိရသည်။
ကုန်သွယ်မှု အနေအထားများ အားလေ့လာကြည့်ပါက ၂၀၀၈ခုနှစ် သည် ကုန်သွယ်မှု အများဆုံးနှစ်ဖြစ်ကြောင်းနှင့် မလေးရင်းဂစ် ၁ ဒသမ ၆၃ ဘီလျံရှိခဲ့ကြောင်း သိရသည်။ ယင်းနှစ်တွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တင်ပို့မှု မလေး ရင်းဂစ် ၅၀၇ သန်း ရှိခဲ့ကြောင်းနှင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းမှု ၇၄၄ သန်းရှိခဲ့ကြောင်းလည်း သိရှိရသည်။
ယခုတစ်ပတ်အတွင်း မလေးရင်းဂစ်တန်ဖိုးမှာ မြင့်တက်နေပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၃ ဒသမ ၁၄၈၅ ရင်းဂစ်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် မလေးရှားနိုင်ငံမှ စားအုန်းဆီ၊ ဓာတုပစ္စည်း နှင့်ဓာတ်ဆီ၊ အသင့်စား စားသုံးကုန်များ၊ စက်မှုပစ္စည်း အစိတ်အပိုင်းများ တင်သွင်းနေရကြောင်းလည်း သိရှိရသည်။
"မြန်မာနိုင်ငံက မလေးရှားနိုင်ငံကနေ အဓိကတင်သွင်းနေရ တာ စားအုန်းဆီပဲ။ စားအုန်းဆီတင်သွင်းရမှု လျှော့ချနိုင်ရင်တော့ နိုင်ငံခြားငွေ တော်တော်များများ သက်သာသွားနိုင်တယ်။ ပြည်တွင်းမှာ က စားအုန်းဆီ ထုတ်လုပ်မှုရှိပေမယ့် နည်းပညာပိုင်း အားနည်းမှု တွေရှိနေတဲ့အတွက် မလေးရှား နိုင်ငံက တင်သွင်းနေရမှုကို လျှော့လို့ မရနိုင်ဘူး ဖြစ်နေပါတယ်"ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
Eleven Media Group.
Eleven Media Group.
Artikel Terkait:




0 comments:
Post a Comment