၁၃ ရက်ကြာ ကျင်းပ ခဲ့သည့် အဆိုပါပြပွဲသို့ ရတနာ ကုန်သည် ၆,၇၀၀ လာရောက် ခဲ့သည့် အနက် ပြည်ပ နိုင်ငံ များမှ ရတနာ ကုန်သည် ၄,၀၀၀ လာရောက် ခဲ့ကာ ကျောက် စိမ်း အတွဲ ၉,၁၅၇၊ ကျောက်မျက် အတွဲ ၂၇ နှင့် ပုလဲ အတွဲ ၂၃၇ တို့ ကို ရောင်းချ နိုင်ခဲ့ရာ ကျောက်စိမ်း ကျောက်မျက် နှင့် ပုလဲ ရောင်းချပွဲ တစ်ခုမှ ၁၉၆၄ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး ၀င်ငွေ ရရှိမှု ဖြစ်လာ ခဲ့ ကြောင်း၊ အဆိုပါ ပြပွဲမှ စုစုပေါင်း ၀င်ငွေ ယူရို ၁ ဒသမ ၀၈ ဘီလျံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၄ ဘီလျံ) ရရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်မျက် ရတနာ ပြပွဲကို မဏိ ရတနာ ကျောက်စိမ်းခန်း မအနီး ၂၁ ဒသမ ၇ ဧက ကျယ်ဝန်း သော မြေကွက်လပ် တွင် တင်ဒါ စနစ်ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ကျောက်မျက် အတွဲ ၂၂၄ တွဲ၊ ဈေးပြိုင် စနစ်ဖြင့် ရောင်းချ ခဲ့သည့် ကျောက်မျက် အတွဲ ၄၉ တွဲ စုစု ပေါင်း ကျောက်မျက် အတွဲ ၂၇၃ တွဲ တို့ဖြစ်ပြီး ကျောက်စိမ်း အတွဲများမှာ တင်ဒါ စနစ်ဖြင့် ရောင်းချ ခဲ့သည့် ကျောက်စိမ်း အတွဲ ၈,၇၈၇ တွဲ၊ ဈေး ပြိုင်စနစ်ဖြင့် ရောင်းချ ခဲ့သည့် ကျောက် စိမ်းအတွဲ ၃၆၉ တွဲ စုစုပေါင်း ကျောက်စိမ်း အတွဲပေါင်း ၉,၁၅၆ တွဲ ရှိ၍ ပုလဲ အတွဲ များမှာ တင်ဒါ စနစ် ဖြင့် ပုလဲ အတွဲ ၂၄၆ တွဲ၊ ဈေးပြိုင် စနစ်ဖြင့် အတွဲ ၃၀ စုစုပေါင်း ပုလဲ အတွဲ ၂၇၆ တွဲ ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ ကျောက်စိမ်း ကျောက် မျက် များသည် ပြည်ပ ဈေးကွက် တွင် နာမည် ကောင်း ရလျက်ရှိပြီး အရည် အသွေးမြင့် သည့် အတွက် လူကြိုက် များ လျက် ရှိကြောင်း၊ ကျောက်စိမ်း ကျောက်မျက် ထုတ်လုပ်ရေး လုပ်ငန်း နှင့် ကျောက်မျက်တွင်း အများစုကို အစိုးရ ကဏ္ဍက ဦးစီး ဆောင်ရွက် လျက်ရှိပြီး ပုဂ္ဂလိက ကဏ္ဍက လုပ်ငန်း ရှင် အချို့ကိုလည်း လုပ်ကိုင် ခွင့်ပြုထား ကြောင်း၊ ပတ္တမြား ထုတ်လုပ်မှု တွင် လည်း ကမ္ဘာ တစ်ဝန်းလုံး ပတ္တမြား ထွက်ရှိ မှု၏ ရာခိုင်နှုန်း ၉၀ ကျော် သည် မြန်မာနိုင်ငံမှ ထွက်ရှိခြင်းဖြစ် ကြောင်း၊ မြန်မာ့ကျောက်မျက်ရတ နာများကို တရုတ်၊ ဟောင်ကောင် နှင့် တရုတ် (တိုင်ပေ) နိုင်ငံများမှ အများဆုံး ၀ယ်ယူကြကြောင်း၊ အာရှ နိုင်ငံကြီး အချို့ကလည်း မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံ ရန် မတ်နှင့် အောက် တိုဘာက ကျင်းပ ခဲ့သည့် ကုန်စည် ပြပွဲများ၌ ယူရိုငွေသန်း ၄၀၀ နှင့် သန်း ၇၀၀ အသီးသီး ရရှိ ခဲ့ကြောင်း သိရသည်။
ဖြိုးမောင်မောင်
Artikel Terkait:
0 comments:
Post a Comment