
တောင်ငူမြို့ခံတဦးက “သန်းခေါင်ကနေ မိုးလင်းထိပစ်တာ။ တညလုံး အသံတွေ ကြားနေရတယ်။ ဘာမှမရှိတော့ဘူး။ စခန်းတခုလုံး ရုတ်သိမ်းသွားပြီ” ဟု ဆိုသည်။
ယင်းစီမံကိန်းတွင် လာရောက်လုပ်ကိုင်နေသော တရုတ်လူမျိုးများ၊ စခန်းတာဝန်ရှိသူများနှင့် အလုပ်သမားများ ယမန်နေ့ နံနက်တွင် တောင်ငူသို့ ပြောင်းရွေ့သွားကြကြောင်း ၎င်းက ဆက်ပြောသည်။
ယခု ပစ်ခတ်မှုသည် မည်သည့်အဖွဲ့၏ လက်ချက်ဟု မသိရသေးသော်လည်း ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် ထိစပ်ရာဒေသတွင် ကရင် အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ ၂ တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဧပြီလ အတွင်းကလည်း KNU အဖွဲ့က သောက်ရေခပ်စီမံကိန်းနှင့် တောင်ငူမြို့အနီးရှိ ရဲတပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်။
Artikel Terkait:
0 comments:
Post a Comment