Friday, June 17, 2011

လမ်းဘေးဈေးသည်ရှင်းရေး သန္နိဋ္ဌာန်ချထားဟု စည်ပင်ပြော


ချင်းမိုင် (မဇ္ဈိမ) ။       ။ လမ်းဘေးဈေးသည်များကို ရှင်းလင်းရာတွင် လမ်းဘေးဈေးသည်များက ရန်မူမှာကို မစိုးရိမ်ကြောင်း စစ်မှုထမ်းဟောင်းဖြစ်သူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၄) ဦးလှအေးက ကြေညာလိုက်သည်။

 
ကြာသာပတေးနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမ အဆောက်အဦးမှ စည်ပင်သာယာရေး
 ကော်မတီ စည်းဝေးပွဲ ခန်းမတွင် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံရာ “ အခုလာတဲ့ သတင်းမီဒီယာတွေက သတင်းရေးတဲ့အခါ နာမည်ကိုမရေးပါနဲ့ တာဝန်ရှိသူတဦးလို့ပဲ ရေးပါ။ ဈေးသည်တွေ ချောင်းရိုက်တာကို
 ကြောက်လို့တော့ မဟုတ်ဘူး ကျနော်တို့က စစ်တပ်ကလာတဲ့ သူတွေပါ” ဟု ထည့်သွင်း ပြောကြားသွားသည်။

စည်ပင် ဝန်ထမ်းတဦးနှင့် ဆန်ဆိုင်ပိုင်ရှင်တို့ ခိုက်ရန် ဖြစ်ပွားမှု သင်္ကန်းကျွန်းမြို့နယ်အတွင်း လွန်ခဲ့သည့် သီတင်းပတ်တွင်းက ဖြစ်ပွားခဲ့ရာ စည်ပင်ဝန်ထမ်း ဒဏ်ရာရသွားခဲ့သည်။ ရန်ကုန်မြို့လည်တွင် လမ်းဘေးဈေးသည် ရှင်းလင်းရေးစီမံချက်က ဝန်ထမ်းများအတွက် စိုးရိမ်မှုများ တိုးပွားစေသည်။

စည်ပင်ကော်မတီက ဝန်ထမ်းအင်အား ၅ဝဝ အသုံးပြု၍ ရှင်းလင်းရေး အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု
 ကြေညာထားသည်။ အဓိက ရှင်းသည့်မြို့နယ်များမှာ မြို့တွင်း ၆ မြို့နယ်အနက်မှ ၃ မြို့နယ်ဖြစ်သည့်
 ကျောက်တံတား၊ ပန်းပဲတန်း၊ လသာတို့တွင် ဖြစ်သည်။ ယင်း၃ မြို့နယ်တွင် ဈေးသည်ပေါင်း ၃,၃ဝဝ ရှိသည်။

street_shopအတည်တကျ ဈေးရောင်းချခွင့် ရှိရေးအတွက် အထက်ပါ သုံးမြို့နယ်တွင် နေထိုင်သူများဖြစ်လျှင် ဗိုလ်ချုပ်ဈေးအနီး
 လေဟာပြင်တွင် ဆိုင်ခန်း ၁,၆ဝဝ စာ နေရာ ဖန်တီးကာ သတ်မှတ် ရောင်းချခွင့်ပြုမည်ဟု ဦးလှအေးက ပြောသည်။

စည်ပင်က လိုလားနေသည်မှာ အခြားဒေသများမှ လာရောက် ဈေးရောင်းမှုများ မဖြစ်အောင် တားဆီးရေး ဖြစ်သည်။

သို့သော် ရန်ကုန် စည်ပင်နယ်နိမိတ်တွင် ဈေးသည်ပေါင်း ၄၉,ဝဝဝ ကျော်ရှိသည့်အနက် မြို့လယ် လမ်းဘေးဈေးသည်များမှာ ဆင်ခြေဖုံးမြို့နယ်များမှ လာရောက် ရောင်းချသူများ အများစု ဖြစ်သည်။

Artikel Terkait:

0 comments:

Post a Comment