ဗီယက်နမ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းများ ထုတ်လုပ်သည့် Viglacera Cooperation နှင့် မြန်မာနိုင်ငံမှ Shine ကုမ္ပဏီများအုပ်စုတို့မှ ပူးပေါင်း တည်ထောင်သည့် အရောင်းပြခန်းနှင့် ရုံးခန်းသစ်အား ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် H.E. Mr.Hong Trung Hai နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စုအဆင့် ၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်တွင်း၌ စက်ရုံများ တည်ထောင်ရန် အတွက်ပါ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ကုမ္ပဏီများ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားကြောင်း၊ ဖွင့်ပွဲသို့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
''မြန်မာနိုင်ငံကို ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ် လာရောက်စဉ်က နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ဖို့ ချမှတ်ထားခဲ့တဲ့အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်တာပါ''ဟု ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံ ဒုတိယ၀န်ကြီးချုပ် H.E. Mr. Hong Trung Hai က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသွားခဲ့သည်။
''ကျွန်တော်တို့ Shine ကုမ္ပဏီများအုပ်စုနဲ့ ဗီယက်နမ်နိုင်ငံက Viglacera Cooperation တို့ဟာ ၂၀၁၀ ပြည့်နှစ်တည်းက လုပ်ငန်း စတင်ခဲ့တာပါ။ နှစ်နိုင်ငံ ကိုယ်စားပြုတဲ့ ကျွန်တော်တို့ ကုမ္ပဏီတွေဟာ အနာဂတ်မှာ အလုပ်အကိုင် ပေးနိုင်တဲ့ စက်ရုံ တည်ထောင်တာ အပြင် တခြား Project တွေကိုပါ အကောင်အထည်ဖော်ဖို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားပါတယ်။ လက်ရှိကတော့ Viglacera က တင်သွင်းတဲ့ အိမ်အလှဆင် ပစ္စည်း၊
ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းနဲ့ တခြား ဆက်စပ်တဲ့ ပစ္စည်းတွေ ပြည်တွင်းမှာ ဖြန့်ဖြူးနေပါတယ်''ဟု Shine ကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းမှ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသွားခဲ့ပါသည်။
ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့က အရောင်းပြခန်း တည်ရှိရာ ရန်ကုန်မြို့၊ အောင်ဆန်းကွင်း အနီးရှိ Shine ကုမ္ပဏီများအုပ်စု ရုံးချုပ် တည်ရှိရာ အဆောက်အအုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Artikel Terkait:
0 comments:
Post a Comment