Friday, June 10, 2011

စတီးကင်းကုမ္ပဏီ စတီးသံချောင်းလုံးဈေးကွက် ဝေစု ၅၀ ရာခိုင်နှုန်းကျော် ရရှိထားဟုဆို

ထားထားခင် (MT) အတွဲ ၂၇ ၊ အမှတ် ၅၂၁ ( ၁၀-၁၆ ၊ ၆ ၊ ၂၀၁၁)

မြန်မာတစ်နိုင်ငံလုံးသို့ စတီးသံချောင်း လုံးများကို အဓိကတင်သွင်း ရောင်းချနေသည့် Steel King ကုမ္ပဏီလီမိတက်က လက်ရှိ အချိန်တွင် တင်သွင်း ဈေးကွက်ဝေစု ၅၅ ရာခိုင်နှုန်းခန့် ရရှိထားကြောင်း အဆိုပါကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးကျော်ကျော်ဦးက ကုမ္ပဏီ အဆောက်အအုံ ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် မေ ၂၆ ရက်နေ့က ပြောသည်။

"ပြည်ပက တင်သွင်းဈေးကွက်မှာ ၅၅ ရာခိုင်နှုန်းလောက် ဈေးကွက်ရှယ်ယာ ရရှိထားပါတယ်။ မြန်မာနိုင်ငံမှာဆောက်လုပ်ရေး လုပ်ငန်းတွေ အများအပြားရှိတဲ့ အတွက် စတီးသံချောင်းလုံးသုံးစွဲမှု မြင့်မားလာတာကြောင့် အရည်အသွေး ပြည့်တဲ့ စတီးသံချောင်း လုံးတွေ ပိုလိုအပ်လာတယ်" ဟု ၎င်းကပြောသည်။

တောင်ကိုရီးယား၊ တရုတ်နှင့် ထိုင်း နိုင်ငံတို့မှ အဓိကတင်သွင်းပြီး နေပြည်တော်အပါအ၀င် အချက်အချာ မြို့ကြီးများရှိ နိုင်ငံတော်နှင့် ပုဂ္ဂလိက စီမံကိန်းများကို အဓိကထားဖြန့်ဖြူး လျက်ရှိသည်။ စတီးကင်းက မြောင်းတကာ စက်မှုဇုန်တွင် စက်ရုံတည်ထောင်ပြီး သံချောင်းလုံးများ ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိသည်။

Artikel Terkait:

0 comments:

Post a Comment