Wednesday, January 5, 2011

ခရီးသွားလုပ်ငန်း တစ်ခုအနေဖြင့် သာမက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက်ပါ ရည်ရွယ်၍ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပျံသန်းရန် စိတ်ဝင်စားလာ

Eleven Media Group 05, 01, 2011

ခရီးသွားလုပ်ငန်း တစ်ခုအနေဖြင့် သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်း အတွက်ပါ ရည်ရွယ်၍ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပျံသန်းရန် စိတ်ဝင်စားလာကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက စုံစမ်းသိရှိရသည်။     မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပျံသန်းလျက်ရှိသော နိုင်ငံတကာလေကြောင်း လိုင်းများတွင် ဗီယက်နမ်လေကြောင်းလိုင်းနှင့် China Eastern Airlines များမှာ ခရီးသွားလုပ်ငန်းတစ်ခုသာမက ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများ အတွက်ပါ ရည်ရွယ်ပြေးဆွဲသော လေကြောင်းလိုင်းများအဖြစ် သတ်မှတ်ကြောင်းသိရသည်။
    " ဗီယက်နမ်လေကြောင်းလိုင်း ဆိုရင် ခရီးသွားလုပ်ငန်း အနေနဲ့စပြီး ၀င်ရောက်လာခဲ့တာ မဟုတ်ဘူး။ ဒီမှာ စီးပွားရေးအရ လာပြီးရင်းနှီးမြှုပ်နှံမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကို အမှီပြုပြီး ပြေးဆွဲပေးတာဖြစ်ပါတယ်။ စီးပွားရေး လုပ်တဲ့အခါမှာ မနက်သွား၊ ညပြန်တွေ ရှိလာနိုင်တော့ ဘန်ကောက် ကနေတစ်ဆင့်သွားရတာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ"ဟု လေကြောင်းစီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

နိုင်ငံတကာ လေကြောင်းလိုင်းများတွင် ဗီယက်နမ် လေကြောင်းလိုင်းနှင့် China Eastern Airlines များမှာ ခရီးသွားလုပ်ငန်း တစ်ခုသာမက ရင်းနှီး မြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများ အတွက်ပါရည်ရွယ်  . .

   ထို့အတူ China Eastern Airlines လေကြောင်းလိုင်းက တရုတ်နိုင်ငံ ကူမင်းနိုင်ငံမှ မန္တလေးမြို့သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်ဆင်းသက်မှုတွင်လည်း တရုတ်စီးပွားရေး လုပ်ငန်းရှင်များ သွားလာမှုအတွက် အဓိက ပြေးဆွဲပေးနေသည့် အနေအထားမျိုးတွင် တည်ရှိကြောင်း လေ့လာသုံးသပ်ကြသည်။
    "စီးပွားရေးအခြေခံ ခရီးသွားလုပ်ငန်းကို အမှီပြုပြီး ကိုယ့်နိုင်ငံကို အလည်အပတ်လာမယ့် နိုင်ငံခြားသား ခရီးသွားတွေ ၀င်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ Tourist demand  ရှိလို့ ၀င်လာတဲ့ နိုင်ငံတကာလေကြောင်းလိုင်း ရှိသလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ၀င်လာတာလည်းရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆိုတဲ့နေရာမှာ ကိုယ့်နိုင်ငံက နိုင်ငံဖြတ်ကျော် အမြန် မီးရထားတွေ၊ ကားလမ်းတွေ မရှိနိုင်သေးတော့ လေကြောင်းပို့ဆောင်ရေး က အဓိကဖြစ်ပါတယ်။ ဒီတော့ဒီမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်တွေအတွက် သူတို့ နိုင်ငံက လေကြောင်းလိုင်းတွေဟာ အရှည်မျှော်တွေးပြီး စစပြေးဆွဲခြင်းမှာ လုပ်ငန်းရှင်တွေခေါ်လာမယ်။ ပြီးရင် tourist development ဖြစ် အောင်လုပ်မယ်"ဟု ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူက ဆိုသည်။
   လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် စိတ်ဝင်စားမှုများ မြင့်တက်လျက်ရှိခြင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း၊ စစ်တွေရေနက်ဆိပ်ကမ်း ကဲ့သို့သော် project  ကြီးများရှိခြင်း စသည်တို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွက် အဓိကရည်ရွယ် ပြေးဆွဲပေးလိုသည့် နိုင်ငံတကာမှ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပိုမိုလာဖွယ်ရှိကြောင်း သိရှိရသည်။
"နဂိုကတည်းက ထိုင်းကတော့ တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ရှိပါတယ်။ အခုထားဝယ်ရေနက် ဆိပ်ကမ်းကြောင့် ဆွဲမယ့်လေကြောင်းလိုင်း တိုးလာမယ့် အနေအထားရှိတယ်။ ကိုရီးယားလည်း ဒီမှာတိုက်ရိုက် ခရီးစဉ်ပြေးဆွဲဖို့ စိတ်ဝင်စားလာတယ်။ အိန္ဒိယကလည်း ခရီးစဉ်တွေပိုဆွဲဖို့ စိတ်ဝင်စားလာတယ်။ ပြောရရင် election ပြီးတဲ့နောက်မှာ ခိုင်မာတဲ့ မူဝါဒနဲ့ပြောင်းလဲမယ့် စီးပွားရေး အခြေအနေကို မျှော်မှန်းပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် နိုင်ငံတကာ က ဒီကိုတိုက်ရိုက်လေကြောင်း ခရီးစဉ်တွေဆွဲဖို့ အရင်ကထက် စိတ်ဝင်စားမေးမြန်းတဲ့ အနေအထားရှိလာတယ်" ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

Artikel Terkait:

0 comments:

Post a Comment